မူးမြစ်ကို ဖြတ်ပြီး နေ့ချင်းပေါက် ကျွန်းလည်ကျေးရွာကို ရောက်သွားပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ခရီးစဉ်ဟာ တန့်ဆည်မြို့နယ်ထဲကို ရောက်ရှိသွားပါပြီ။ ခရီးစဉ်(၂)မှာ ဗိုလ်ကြီးကျော်သူရိန် ကျွန်းလည်ရွာမှာ အထိုင်ချပြီး ဒေသတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ပေးနေတဲ့အခြေအနေကိုလည်း ပြောခဲ့ပြီးပါပြီ။ နယ်ပြောင်းကျလာတော့ ရွာသူရွာသားတွေက မပြောင်းရွှေ့ဖို့ ငိုယိုပြီး တောင်းပန်ကြတဲ့အတွက် မပြောင်းရွှေ့ဘဲ ဆက်လက်တာဝန်ထမ်းဆောင်ပေးနေရပါတယ်။ အကြမ်းဖက်ဘေးအန္တရာယ်ကို ကိုယ်တွေ့ခံစားရတဲ့ ပြည်သူတွေအတွက် အားကိုးရာဟာ တပ်မတော်သာဖြစ်ပါတယ်။ တပ်မတော်အရာရှိတစ်ယောက် ကိုယ်တိုင်ကြီးကြပ် ကွပ်ကွဲပြီး ပြည်သူ့စစ်တွေကို စနစ်တကျ လမ်းကြောင်းချပေးတယ်။စာသင်ကျောင်းတွေ လုံခြုံရေးအတွက် ကင်းပုန်းတွေ စီစဉ်ပေးရတယ်။
ကျွန်းလည်ရွာ ဘုန်းတော်ကြီးကျောင်းကိုရောက် ဗိုလ်ကြီးကျော်သူရိန် ကလည်း အားရဝမ်းသာ ညီရင်းအစ်ကိုတွေ တွေ့သလို ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါတယ်။ ကိုချိုကြီးတို့ မဖွေးစိန်တို့ကို မိတ်ဆက်ပေးတယ်။ ကိုချိုကြီးကတော့ အထူး မိတ်ဆက်ပေးဖို့မလိုတဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ။ ဗိုလ်ကြီးကျော်သူရိန်နဲ့ ဒေသအခြေအနေလေး အနည်းအကျဉ်းပြောပြီးတဲ့ အချိန်မှာ ဦးသန်းနိုင်ဦး ထွက်လာတာကို တွေ့ရပါတယ်။ ဆရာတော်က ထပ်ပြီး မိတ်ဆက်ပေးပါတယ်။
ဒီနေရာမှာ ဦးသန်းနိုင်ဦးရဲ့ အကြောင်းကို အကျဉ်းမျှ ပြောရရင် ရွာထဲရပ်ထဲမှာ ဂုဏ်သိက္ခာရှိရှိ နေသူတစ်ဦးပါ။ သူ့အိမ်ကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက အညှိုးထားပြီး ဝင်ရောက်လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ ဦးသန်းနိုင်ဦး တို့ အိမ်ကို ဝင်အပစ်ခံရတာက ၂၀၂၁ခုနှစ် ၆လပိုင်းထဲမှာ ဖြစ်ပါတယ်။ အကြမ်းဖက်ခံရတဲ့ ညကတည်းက ဆရာတော်က ကျွန်တော်နဲ့ တိုက်ရိုက်ဆက်သွယ် သတင်းဖော်ပြခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဦးသန်းနိုင်ဦးရဲ့ အမျိုးသမီး PDF အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် ဆုံးပါးသွားခဲ့ရပြီး ဦးသန်းနိုင်ဦး နဲ့ သမီးဖြစ်သူကတော့ ထွက်ပြေးလွတ်မြောက်ပြီး ဆရာတော်ရဲ့အကူအညီနဲ့ မုံရွာဆေးရုံကြီးကို တက်ရောက်ကုသမှု ခံယူပြီး အသက်မသေဘဲ ရှင်ကျန်ရစ်သူ ဖြစ်ပါတယ်။ စဉ်းစိမ်ဥစ္စာကတော့ ဘာတစ်ခုမှ ရစရာမရှိအောင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက မီးရှို့ဖျက်ဆီးသွားခဲ့ကြပြီဖြစ်လို့ လက်ရှိအချိန်မှာတော့ ခြေမဲ့ လက်မဲ့ ဘဝမျိုး ဖြစ်သွားပါပြီ။
ကိုချိုကြီးက ဦးသန်းနိုင်ဦး ရဲ့ ဖြစ်စဉ်ကို ပြန်လည်မေးမြန်းပါတယ်။ ဦးသန်းနိုင်ဦးကလည်း တွေ့ကြုံခဲ့ရတဲ့ အကြမ်းဖက်ဘေးအန္တရာယ်ကို ပြန်ပြောပြပါတယ်။ သူ့အိမ်ကို NLD အစွန်းရောက် PDF အကြမ်းဖက်သမား ၅၀ လောက် ဝိုင်းထားပြီး သေနတ်နဲ့ ဝင်ပစ်တဲ့အချိန်မှာ သူ့နောက်ကျောကို သေနတ်မှန်တဲ့အချိန်မှာပဲ သူထွက်ပြေးခဲ့ရပါတယ်။ အိမ်မှာ ရှိနေတဲ့ သူ့ဦးလေးကိုလည်း ခေါင်းကို သေနတ်နဲ့ ပစ်ရာမှာ ဦးလေးက လက်နဲ့ခံလိုက်တဲ့အတွက် ကျည်ဆံက လက်ပဲ မှန်ပြီး မသေခဲ့ပါဘူး။ PDF အကြမ်းဖက်သမားများက ဓားနဲ့ ထပ်ထိုးတဲ့အချိန်မှာ ဦးလေးက သေချင်ယောင်ဆောင်နေခဲ့လို့ ဆေးရုံတက်ရောက် ကုသပြီး အသက်ရှင်ခွင့် ရခဲ့ပါတယ်။ အမျိုးသမီးကတော့ မပြေးနိုင်တဲ့အတွက် PDF တွေ လက်ချက်နဲ့ ပွဲချင်းပြီး ဆုံးပါးခဲ့ရတယ်။ သမီးရဲ့ ခေါင်းကို သေနတ်ဒင်နဲ့ ရိုက်နှက်သွားတဲ့အတွက် ၅ချက်ချုပ်ခဲ့ရပါတယ်။
တော်လှန်ရေးသမားလို့ အမည်ခံထားတဲ့ PDF တွေဟာ KIA ရဲ့ စနက်ကြောင့် ကိုယ့်ရွာသူ ရွာသားအချင်းချင်း လုပ်ကြံသတ်ဖြတ်ပြီး ဂုဏ်ယူနေတတ်တဲ့ အကြမ်းဖက်သမားတွေ ဆိုတာ ဦးသန်းနိုင်ဦးတို့ ကိုယ်တွေ့ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေက အခိုင်မာဆုံး သက်သေတွေပါပဲ။ ဘယ်သူမှ ကိုယ့်ရွာသူရွာသားအချင်းချင်း အခုလို ကောက်ကျစ်ယုတ်မာ ရက်စက်လိမ့်မယ်လို့ တွေးမထားမိကြဘူးလေဗျာ။ ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး နေရင်းက ကိုယ့်ရွာသူရွာသားအချင်းချင်းကိုမှ လူမဆန်စွာ ရက်စက်ယုတ်မာတဲ့ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေရဲ့ ရန်ပြုစော်ကားခြင်းကို ခံခဲ့ရကြရသူတွေပါ။ ဦးသန်းနိုင်ဦးနဲ့ မေးမြန်းပြီးတဲ့အခါမှာ ကျွန်းလည်ကျေးရွာက ဆရာတော်ထံ ကိုချိုကြီးနဲ့ မဖွေးစိန်တို့က အလှူငွေ ဆက်ကပ်လှူဒါန်းပါတယ်။ ကိုချိုကြီးကတော့ NLD အစွန်းရောက်တွေ အာဏာရူးနိုင်ငံရေးသမားတွေရဲ့ လှုံ့ဆော်မှုကြောင့် မြန်မာပြည်မှာ ကိုယ့်ပြည်သူအချင်းချင်း ရက်စက်ယုတ်မာနေကြတာတွေကို စိတ်မကောင်းဖြစ်ကြောင်း တွေ့တဲ့ သူတိုင်း ကို ပြောသလို ဆရာတော်တွေကိုလည်း လျှောက်ထားပါတယ်။
အလှူငွေကပ်လှူပြီးတော့ တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာက မိသားစုဝင် (၄)ဦး NLD အစွန်းရောက် PDF အကြမ်းဖက်သမားများရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ ဦးညွန့်ခိုင် ရောက်လာပါတယ်။ ဦးညွန့်ခိုင်နဲ့ ပတ်သက်လို့လည်း ကျွန်တော့်မှာ ရှေးဦးမစွကတည်းက ဆက်သွယ် ဆောင်ရွက်ခဲ့ဖူးတဲ့ မှတ်တမ်းတွေ ရှိပါတယ်။
ကာပေါင်းကျရွာက NLD အစွန်းရောက်တွေဟာ ဦးညွှန့်ခိုင်ကို အညှိုးကြီး ညှိုးပြီး ပြဿနာရှာလာတာတဲ့အတွက် မိသားစုကို တစ်နေရာကို ရွှေ့ပြောင်းထားခဲ့ရတယ်။ သူက မိသားစုနဲ့အတူ မနေဘဲ မုံရွာဘက်အထိ မိတ်ဆွေများထံ တိမ်းရှောင်နေခဲ့ရတယ်။ NLD အစွန်းရောက်တွေက ကိုယ့်ရွာသားအချင်းချင်း ရက်စက်ယုတ်မာဖို့ကို ဘယ်လောက်အထိ အညှိုးထားသလဲဆိုရင် ဦးညွန့်ခိုင်သွားလေရာကို သူတို့အဆက်အသွယ်နဲ့ စုံစမ်းပြီး မရမက သတ်မယ့်သဘောကို တွေ့လာရတယ်။
ဆရာတော်ဦးဝါသဝ ဆက်သွယ်ပြောကြားလို့ ဦးညွန့်ခိုင် အခြေအနေကို သိရတဲ့အခါမှာ ဦးညွန့်ခိုင် အသတ်ခံလိုက်ရပြီလို့ ကျွန်တော် သတင်းရေးတင်ပေးခဲ့ဖူးပါတယ်။ သူ့ရွာက NLD အစွန်းရောက်တွေက အလွန်အမင်း အညှိုးထားပြီး သတ်ဖို့ ကြံနေလို့ သေတဲ့ သတင်းတက်သွားရင်တော့ စုံစမ်းတာ ထောက်လှမ်းတာ မလုပ်တော့အောင် ကျွန်တော် တတ်နိုင်တဲ့ ဘက်က ကူညီပေးခဲ့ခြင်းဖြစ်ပါတယ်။
ဦးညွန့်လှိုင် တိမ်းရှောင်နေရတဲ့ ကာလအတွင်းမှာ ဦးညွန့်လှိုင်ရဲ့ ညီ ကို NLD အစွန်းရောက်တွေက လမ်းခရီးသွားရင် ဖမ်းဆီးပြီး သတ်လိုက်ကြတယ်။ နောက် သိပ်မကြာခင်မှာပဲ ဦးညွန့်ခိုင်ရဲ့ မိခင်၊ ဖခင် အသက် ခုနှစ်ဆယ်ကျော် အဖိုးအိုနဲ့ အဖွားအို ကိုပါ သတ်လိုက်ကြတဲ့အပြင် ဦးညွန့်ခိုင်ရဲ့ ယောက်ဖဖြစ်သူကိုပါ ရက်ရက်စက်စက် သုံးလောင်း ပြိုင် သတ်လိုက် ကြပါတယ်။ ဦးညွန့်ခိုင်ရဲ့ ညီမ မသူဇာဝင်းဟာ သားနဲ့ သမီး ကို အရစွဲခေါ်ပြီး NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေရဲ့ သေတွင်းထဲက လွတ်အောင် ရုန်းထွက်ခဲ့ရပါတယ်။
အခုတော့ ဦးညွန့်ခိုင် ကိုယ်တိုင် တန့်ဆည်မြို့နယ်ထဲမှာ ပြည်သူ့စစ်တာဝန် ထမ်းဆောင်ပြီး ရပ်ရွာ ကာကွယ်ရေးလုပ်ငန်းတွေ မှာ ကူညီဆောင်ရွက်ပေးနေတာကို တွေ့ရပါတယ်။ သူတို့ရဲ့ ကာပေါင်းကျရွာကတော့ အခုချိန်အထိ ပြန်လို့ မရသေးပါဘူး။
ကျွန်းလည်ရွာက ရွာသူရွာသားတွေ PDF အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် ဆရာတော့်ကျောင်းမှာ လာရောက်တိမ်းရှောင်နေကြရတယ်။ ဆရာတော့်ကျောင်းမှာ ပြည်သူ့စစ်ဖွဲ့တဲ့အခါကြတော့ ကျွန်းလည်ရွာသားတွေလည်း ပါတယ်။ ပြည်သူ့စစ်ဖွဲ့ပြီးမှ ကိုယ့်ရွာကိုယ် ပြန်နေကြ။ ရွာကို အကြမ်းဖက်သမားများအန္တရာယ်က ကာကွယ်ဖို့အတွက် လက်နက်ကလည်း ရှိထားဖို့ လိုသေးတယ်။ သက်ဆိုင်ရာ တပ်မတော်တာဝန်ရှိသူ အဆင့်ဆင့်ကို တင်ပြပြီး လက်နက်ရတဲ့အခါကြမှ ရွာမှ ပြည်သူ့စစ်ကာကွယ်ရေးနဲ့ ပြန်လည်နေထိုင်နိုင်ခဲ့တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလို ပြည်သူ့စစ်ဖွဲ့ပြီးချိန်မှာတောင်ပဲ လူ့ငနွား PDF အကြမ်းဖက်သမားတွေက ရွာထဲ မီးဝင်ရှို့လို့ (၃)ကြိမ်ထက်မနည်း တပ်မတော်သားများနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်များက ရင်ဆိုင်ပစ်ခတ် တိုက်ထုတ်ခဲ့ရတဲ့ အခြေအနေတွေကို သိရှိခဲ့ရပါတယ်။
ကျွန်းလည်ရွာမှာလည်း တွေ့သင့်တဲ့ သူနဲ့တွေ့၊ ပြောသင့်တဲ့စကား ပြောပြီးတော့ ဆရာတော်က ဆက်သွားရအောင်လို့ လုပ်ပြန်ပါတယ်။ ဖင်ပူအောင်တောင် ထိုင်ခွင့်မပေးပါဘူး။
ဦးညွန့်ခိုင် က ရှေ့က သွားနှင့်မယ်ဆိုပြီး လမ်းကြောင်းရှင်း ထွက်သွားပါတယ်။ ကျွန်းလည်ရွာ ဆရာတော်နဲ့ ဦးသန်းနိုင်ဦး၊ ကျွန်းလည်ရွာက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို နှုတ်ဆက်ပြီး ကျွန်တော်တို့လည်း ဆရာတော် ခေါ်ဆောင်ရာ ဆက်လက်လိုက်ပါခဲ့ပါတယ်။ လမ်းခရီးမှာလည်း ရပ်ရွာတွေမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို ဆရာတော်က တလစပ်ပြောပြပါတယ်။ ကျွန်တော်တို့နဲ့အတူ ဗိုလ်ကြီကျော်သူရိန်လည်း ကဘဲရွာကို လိုက်လာပါတယ်။
ကျွန်းလည်ကျေးရွာမှာ ဗိုလ်ကြီးကျော်သူရိန် အထိုင်ချပြီး တပ်မတော်ဆေးတပ်ဖွဲ့ဝင်တွေနဲ့ ရွာသူရွာသားတွေရဲ့ ကျန်းမာရေးဆောင်ရွက်ပေးခဲ့ရတဲ့ အခြေအနေကိုလည်း သိရပါတယ်။ သူတာဝန်ယူနေတဲ့ နေရာတဝိုက်မှာ ကိုဗစ်ကာကွယ်ဆေးလည်း ထိုးနှံပေးနိုင်ပြီဖြစ်ကြောင်း ပြောပြပါတယ်။
အကြမ်းဖက်ဘေးအန္တရာယ်ကို ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသူတွေရဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို သိလိုက်ရချိန်မှာ လူစိတ်ရှိသူတိုင်း၊ လူလိုတွေးတတ်သူတိုင်းအတွက် ဒီလိုလုပ်ရပ်တွေဟာ လက်ခံနိုင်စရာမရှိတဲ့ အကြမ်းဖက်လုပ်ရပ်တွေအဖြစ် သိမြင်ကြပါလိမ့်မယ်။ ပြည်ပြေး လက်ပါးစေ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေကို ဇွတ်မှိတ်ပြီး ယုံကြည်နေကြတဲ့ နီပိန်းတွေကတော့ သံဃာတော်တွေ၊ ဆရာ/ဆရာမတွေ၊ ကိုယ့်ရွာသူရွာသားအချင်းချင်း ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်တဲ့ လုပ့်တွေကို ဂုဏ်ယူဝမ်းမြောက်စွာ ပြောဆိုနေကြပါလိမ့်မယ်။ ကျွန်းလည်ကျေးရွာက ဦးသန်းနိုင်ဦး၊ ကာပေါင်းကျကျေးရွာက ဦးညွန့်ခိုင်တို့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တွေဟာ NLD အစွန်းရောက်တွေမှာ လူစိတ်မရှိတော့ဘူးဆိုတာကို သိသာထင်ရှားပါလိမ့်မယ်။ KIA ဘာသာရေးအစွန်းရောက်တွေရဲ့ အသုံးချခံအဖြစ်နဲ့ ကိုယ့်ရွာသူရွာသားအချင်းချင်း လက်နက်ကိုင်ပြီး အုပ်စုဖွဲ့အနိုင်ကျင့်နေတဲ့ PDF အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ဟာ တော်လှန်ရေးနဲ့ လားလားမျှ မပတ်သတ်တာကိုလည်း ထင်ရှားလာပါလိမ့်မယ်။
ဆက်လက်ရေးသားပါအုံးမည်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment