မိုင်းကိုင်မြို့နယ်၊ ဝါဆိုကျောင်းလမ်းနှင့် သံကူကွန်ကရစ်တံတားတစ်စင်း ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းကိုင်မြို့နယ်၊ ဝါဆိုကျောင်းလမ်းနှင့် သံကူကွန်ကရစ်တံတားတစ်စင်း ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီ

 




MNP - ဇွန်   ၈


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ မြို့နယ်စည်ပင်သာယာဌာန၏ ရန်ပုံငွေဖြင့် မြို့တွင်းလမ်းဖြစ်သော ဝါဆိုကျောင်းလမ်း (မြေသားလမ်း)မှ (၃၃၅'×၁၂'×၉') ကတ္တရာလမ်းအဖြစ်  အဆင့်မြင့်တင်ဖောက်လုပ်ခြင်းနှင့် အမှတ်(၄) ရပ်ကွက်၊ စဝ်ဖနောင်လမ်းထိပ်ရှိ တံတားတစ်စင်းအား (၂၈'×၃'×၃") သံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာဌာန၊ အမှုဆောင်အရာရှိ ဦးလှမျိုးသွင်၏ ကြီးကြပ်မှုဖြင့် ဌာနအင်ဂျင်နီယာနှင့် ဝန်ထမ်းများက  မေလ ၇ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုဇွန်လ ပထမပတ်တွင် လုပ်ငန်းများအားလုံး ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။


အဆိုပါ ဝါဆိုကျောင်း ကတ္တရာလမ်းနှင့် သံကူကွန်ကရစ်တံတား ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီးဖြစ်သည့်အတွက် မိုးရာသီကာလ လမ်းတလျှောက် ရေကြီးရေလျှံခြင်း၊ ရေဝပ်ခြင်း၊ သွားလာရန်ခက်ခဲခြင်း၊ ပွက်ထခြင်းများ မရှိတော့သဖြင့် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ  ဖြတ်သန်းသွားလာ နိုင်ပြီဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)