ကျွန်းလှမြို့နယ်၌ မိုးစပါး ဧက ၂၉၀၀၀ ကျော်လျာထားစိုက်ပျိုးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၌ မိုးစပါး ဧက ၂၉၀၀၀ ကျော်လျာထားစိုက်ပျိုးမည်




MNP - ဇွန်   ၉


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုနှစ် မိုးစပါး ဧက ၂၉၀၀၀ ကျော် လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ‌ဒေါ်မြင့်မြင့်ရီက ပြောကြားသည်။


ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများသည် မိုးကောင်းသောက်ဖြစ်သော်လည်း မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ်နှင့် မြေအောက်ရေတင်ပြီး ပျိုးထောင်ခြင်း၊ မြေယာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မိုးစပါးစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦစီးမှူးနှင့် ဝန်ထမ်းများက မျိုးကောင်း မျိုးသန့်များရရှိရေးနှင့် ပိုးမွှားကျရောက်မှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နည်းပညာပေးသင်တန်းများဖွင့်လှစ်ခြင်း၊ ပျိုးထောင်နည်းလက်တွေ့ပြသခြင်း၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲရေး စသည့်စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ အသိပညာပေးလျက်ရှိသည်။


ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါး ၂၉၄၉‌‌၂ ဧက၊ ပဲမျိုးစုံ ၁၂၀၃၄ ဧက၊ ဆီထွက်သီးနှံ ၇၂၁၃ ဧက၊ အခြားသီးနှံ ၅၃၀၂၆ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းများအရ သိရသည်။


သတင်း- မျိုးဝင်းညို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)