နမ့်ခမ်းမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ခမ်းမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 








MNP - ဇွန်   ၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ သစ်တောဦးစီးဌာနမှ ကျင်းပသည့် ဒေသစိမ်းလန်းစိုပြေရေးအတွက် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၉) နာရီအချိန် နမ့်ခမ်းမြို့ရှိ နောင်ခမ်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။


မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးအောင်ဇင်ဦးနှင့် မြို့နယ်သစ်တော ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသူရအောင်တို့က သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသည့် ဒေသခံများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိုက်ပီးနှင့် ဒေသခံတစ်ဦးထံသို့ ပျိုးပင်များ ပေးအပ်သည်။


သစ်ပင်စိုက်ပျိုးပွဲတော်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် ဦးဆောင်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဇင်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံကျေးရွာပြည်သူများက ထင်းရှူး ၃၀၊ ခါတော်မှီ ၃၀၊ မိုက်ဝိုင် ၃၀၊ မန်ဂျန်ရှား ၃၀၊ သင်း ဝင် ၃၀၊ ယင်းမာ ၃၀နှင့်  မယ်ဇလီ ၁၅၀၊ စုစုပေါင်း ပျိုးပင် ၃၃၀ ပင်တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း - ဆိုင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)