တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံမှု အခြေအနေအား တာဝန်ရှိသူများ ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံမှု အခြေအနေအား တာဝန်ရှိသူများ ကြည့်ရှုအားပေး

 


MNP - ဇွန်   ၈


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးလျက် ရှိသည်။


ထိုသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခွဲ (မြို့မ) (၃)ကျောင်း၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ် အထိ ကျောင်းသားကျောင်းသူ ၃၉၁ ဦးအား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးမောင်မောင်လတ်နှင့် အဖွဲ့တို့က သွားရောက်ကြည့်ရှု၍ အားပေးစကားများ ပြောကြားကာ လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်သည်။


အလားတူ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နယ် အဖျောက်မြို့ရှိ အမှတ် ၂ ရပ်ကွက်၊ ၄ ရပ်ကွက်၊ မိုးကုလားကျေးရွာနှင့် သရက်တော ကျေးရွာများရှိ အ.မ.က ကျောင်းများတွင်လည်း အသက် ၅ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အထောက်အကူပြု အဖွဲ့များက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


သတင်း - စန်းကလျာခိုင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)