ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဩဇာပြုလုပ်ခြင်း တောင်သူပညာပေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဩဇာပြုလုပ်ခြင်း တောင်သူပညာပေးလုပ်ငန်းများဆောင်ရွက်


MNP - ဇွန်   ၉

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကာ တောင်သူများအတွက် တောင်သူပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့တွင် တောင်သူများ သဘာဝမြေဩဇာပြုလုပ်ခြင်း တောင်သူပညာပေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သီးနှံစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဓာတုဆေးဝါးကင်းလွတ်သည့်သီးနှံများကို အထွက်နှုန်းကောင်းမွန်စွာစိုက်ပျိုးနိုင်ပြီး တောင်သူတစ်ဦးချင်းအလိုက် သီးနှံစိုက်ပျိုးဝင်ငွေ ပိုမိုရရှိစေရန် ကောက်ရိုး၊ နှမ်းရိုး၊ သစ်ရွက်ဆွေး၊ အမှိုက်ဆွေးများဖြင့် သဘာဝမြေဩဇာ ပြုလုပ်နည်းအဆင့်ဆင့်ကိုလည်း မေလပထမပတ်မှစတင်ပြီး  တောင်သူပညာပေးကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိကျေးရွာများတွင် သဘာဝမြေဩဇာပြုလုပ်နည်း နည်းပညာပေးဆောင်ရွက်ခြင်းများ၊ စနစ်တကျသုံးစွဲ နည်းပညာပေးခြင်းများ၊ လက်တွေ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး သဘာဝမြေဩဇာပြု လုပ်သည့်ရည်ရွယ်ချက်များသည် တောင်သူများတစ်ဦးခြင်းအလိုက် သီးနှံစိုက်ပျိုးဝင်ငွေပိုမိုရရှိစေရန်၊ စိုက်ပျိုးရေးလုပ်ငန်းမှထုတ်လွှတ်သော ဖန်လုံအိမ်ဓာတ်ငွေ့များလျော့နည်းစေမည့် စိုက်ပျိုးရေးနည်းစနစ်များကျင့်သုံးရန်၊ သီးနှံအကြွင်းအကျန်များမီးရှို့ခြင်းအစား သာဝမြေဩဇာပြုလုပ်ခြင်းနှင့် ဩဂဲနစ်စိုက်ပျိုးနည်းစနစ်များအား၊ တောင်သူများသိရှိလိုက်နာဆောင်ရွက်စေ ရန်၊ မြေဆီလွှာရုပ်ဂုဏ်သတ္တိဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဈေးနှုန်းမြင့်မားလာသည့် ဓာတုဓာတ်မြေဩဇာသုံးစွဲမှုလျော့ကျလာစေရန်၊ လယ်ယာမြေစွန့်ပစ်ပစ္စည်းများအား အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် သီးနှံစိုက်ခင်းများမှထွက်ရှိသည့် သီးနှံများ၊ ဓာတုကင်းစင်သော စားသောက် ကုန်များအဖြစ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


၂၀၂၂-၂၀၂၃ ခုနှစ်၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အလျား ၆ ပေ၊ အနံ ၃ ပေ၊ အမြင့် ၄ ပေအရွယ်ရှိ မြေဆွေးပုံ (၁၅၀) ပုံအား စိုက်ပျိုးရေးဦးစီးဌာနရှိဝန်ထမ်းများမှ အနီးကပ်ကြီးကြပ်ကာ သဘာဝမြေဩဇာပြုလုပ်ပုံအဆင့်ဆင့်အား ပညာပေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဒေါ်ခင်ဌေးရီမှ ရှင်းပြ၍သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)