ပြည်နယ်နှင့်တိုင်းဒေသကြီး သေနတ်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး သေနတ်ပစ်အသင်းအား အောင်နိုင်ရေး အလံပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်နယ်နှင့်တိုင်းဒေသကြီး သေနတ်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး သေနတ်ပစ်အသင်းအား အောင်နိုင်ရေး အလံပေးအပ်





MNP - ဇွန်   ၁၅


ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်င်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်း ဒေသကြီး ကိုယ်စားပြု သေနတ်ပစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားအား ယနေ့ နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက် ခဲ့ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ပြည်နယ်နှင့် တိုင်းဒေသကြီး သေနတ်ပစ် အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီး သေနတ်ပစ် အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ် များအား ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယ‌နေ့ပြုလုပ်သည့် အခမ်းအနားသည် ပြည်နယ်နှင့် တိုင်းဒေသကြီး သေနတ်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်း ဒေသကြီး ကိုယ်စားပြု သေနတ်ပစ်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းနှင့် လိုအပ် သည့် ထောက်ပံ့မှုများ ပြုလုပ်သည့် အခမ်းအနားပင် ဖြစ်ပါကြောင်း၊ သေနတ်ပစ် အားကစားနည်းသည် နိုင်ငံတစ်နိုင်ငံတွင် အားထားရသည့် အားကစားနည်းတစ်ခု ဖြစ်ပါကြောင်း၊ သေနတ်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားအနေဖြင့် ရရှိသည့် အချိန်တွင် အကျိုးရှိစွာ ဆောင်ရွက်လေ့ကျင့်ရန်လိုကြောင်း၊ ထူးချွန်သော အားကစား သမားများ ဖြစ်လာစေရန်အတွက် နည်းပြများအနေဖြင့် မိမိအသင်း ၏ အားသာချက်၊ အားနည်းချက်များအား လေ့လာ၍ ပြိုင်ပွဲအား အနိုင်ရရှိစေရန် စွမ်းဆောင်ရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း  တိုင်းဒေသကြီးကိုယ်စားပြု  သေနတ်ပစ်အသင်းအား များစွာ အလေးထားသောကြောင့် ကြိုးစား၍ စည်းကမ်း နည်းလမ်းတကျဖြင့် ရရှိသည့် အချိန်တွင် လေ့ကျင့်သား ပြည့်ပြည့်ဝဝဖြင့် လေ့ကျင့်ယှဉ်ပြိုင်ပေးစေလိုကြောင်းနှင့် တိုင်းဒေသကြီး ဂုဏ်ဆောင် နိုင်သည့် အားကစားသမားများ ဖြစ်ပါစေကြောင်း” တိုက်တွန်း ပြောကြားပြီး တိုင်းဒေသကြီး ကိုယ်စားပြု သေနတ်ပစ်အသင်းမှ တာဝန်ရှိသူ များထံသို့ အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုဆုငွေများအား ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)