ကျောက်မဲမြို့နယ်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲမြို့နယ်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

 



MNP - ဇွန်  ၂၂


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲမြို့နယ်၌ အပြည်ပြည်ဆိုင်ရာရာသီဥတုပြောင်းလဲရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့  နံနက် ၈ နာရီက‌ ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌဦး‌အောင်မြင့်ဦး၊ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး လွင်ဘုန်းအောင်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာသူများအား ပျိုးပင်များ အသီးသီးပေးအပ်ကြသည်။


အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့ကြသည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့်ပြည်သူများ စုစုပေါင်းအင်အား (၂၅၀)ဦးခန့်တို့က သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုး နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။


အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ၂ ပေအထက်ရှိကျွန်း၊ တမလန်း၊ မဟော်ဂနီ၊ ခါတော်မီ၊  ချယ်ရီ၊ မယ်ဇလီ စုစုပေါင်း အပင် ၆၀၀ ပင်တို့ကို စိုက်ပျိုးကြကြောင်း သိရသည်။


သတင်း - မိုင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)