MNP - ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးတိုက်နယ်တွင် အခြေခံပညာ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံအေးချမ်းစွာ ပညာသင်ကြားနေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယနေ့ နံနက် (၁၀)နာရီအချိန်မှစ၍ လှည့်လည်လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဟိုင်းကြီးကျွန်းမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးတိုက်နယ်အတွင်းရှိ အခြေခံပညာကျောင်း များသို့ လှည့်လည်၍ ကျောင်းလုံခြုံရေးချထားမှု၊ ကျောင်းအပ်နှံ တက်ရောက်မှု၊ ကျောင်းသန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အခြေခံပညာ ကျောင်းများ၏ ဥပဓိရုပ်ကောင်း၊ မကောင်း စသည်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ထပ်မံပြုလုပ်ဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်း - လှိုင်မျိုးအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment