ဒေးဒရဲမြို့နယ်၌ ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ်၌ ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်




MNP - ဇွန်   ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ အခက်အခဲများနှင့် လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်တာဝန်ရှိသူများက ကျေးရွာဒေသများသို့ ကွင်းဆင်း၍ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက မရမ်းအနောက်ကျေးရွာတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ကျေးရွာပြည်သူများ၏ အခက်အခဲများကိုတင်ပြကြရန် ကျေးရွာနေပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပြီးစီးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ကျေးရွာအလိုက်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုးက သဘာဝဘေးအန္တရာယ်နှင့် မြွေအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် ကျေးရွာပြည်သူများက စိုက်ပျိုးရေးသွင်းအားစု လိုအပ်ချက်များနှင့် နည်းပညာပေးသင်တန်းများ ပို့ချပေးရန်နှင့် လယ်ယာမြေများ ရေကြီးနှစ်မြှပ်မှုများ မဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ပေးနိုင်ရေး၊ ဒေသလိုအပ်ချက်များကိုတင်ပြရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် တာဝန်ရှိသူများကတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အေဇာလင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)