မြင်းခြံမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ အကြိုသစ်ပင်စိုက်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ အကြိုသစ်ပင်စိုက်ပွဲ ကျင်းပ




MNP - ဇွန်   ၅


နှစ်စဉ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို အလေးထားသိရှိနားလည်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်စေရေး၊ အရိပ်အာဝါသနှင့် မျက်စိပဒေသာအကျိုးများ ရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ကုက္ကဲကျေးရွာအနီးရှိ အမှတ် (၃) တပ်မတော်အကြီးစားစက်ရုံတွင် မိုးရာသီအကြို သစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ခေတ္တစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထူးလှိုင်၊ မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ အမှတ် (၃)တပ်မတော်အကြီးစားစက်ရုံမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက သတ်မှတ်နေရာများတွင် ပျိုးပင်များကို စနစ်တကျ စိုက်ပျိုးပေးကြပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ခေတ္တစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထူးလှိုင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။


မြင်းခြံမြို့ ကုက္ကဲကျေးရွာအနီးရှိ အမှတ် (၃) တပ်မတော်အကြီးစားစက်ရုံဝန်းအတွင်း ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော်တွင် (၂)ပေ အထက် မယ်ဇယ်၊ တမာ၊ သင်္ဘောကုက္ကိုလ်၊ ဗန်ဒါ၊ မယ်ဇလီ၊ စိန်ပန်း၊ ယူကလစ်၊ မယ်ဇလီ၊ ရေတမာ၊ ပိတောက်၊ ခရေ၊ မန်ကျည်း ပျိုးပင်ပေါင်း (၂၂၅)အား စိုက်ပျိုးခဲ့ကြသည်။


၂၀၂၂ ခုနှစ် မိုးရာသီကာလအတွက် မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ပျိုးပင်ပေါင်း (၂၀၀၀၀)ကို ပျိုးထောင်ထားလျက်ရှိပြီး မြင်းခြံမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သစ်ပင်စိုက်ပျိုးချင်ပါက လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။  


သတင်း - ကျော်စွာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)