တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်





MNP - ဇွန်   ၁


၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ဖောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့နံနက်(၈)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည် ။


ပညာသင်ထောက်ပံ့ငွေများပေးအပ်ရာတွင် တံတားဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက  အခြေခံပညာကျောင်းများလာမည့်ဇွန်လ(၂)ရက်နေ့တွင်စတင်ပြီး ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ဗလာစာအုပ် ၊ ထီး ၊ ကျောပိုးအိတ်နှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ ပညာရေးမှာထူးချွန်ထက်မြတ်သည့် ပညာတတ်များဖြစ်အောင် ကြိုးစားသင်ယူကြစေလိုကြောင်းပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီး(၄၈)ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာ ဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ကြသည်။


တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများဖြစ်ကြသော တက္ကသိုလ်အဆင့်ကျောင်းသား/သူ (၇) ဦး ၊ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၂၀၀၀၀) ၊ အထက်တန်းအဆင့်ကျောင်းသား/သူ(၁၁)ဦး ၊ တစ်ဦးလျှင်ငွေကျပ်(၁၅၀၀၀)နှင့် ဗလာစာအုပ်(၁)ဒါဇင် ၊ အလယ်တန်း အဆင့်ကျောင်းသား/သူ(၉)ဦး ၊ တစ်ဦးလျှင်ငွေကျပ်(၁၀၀၀၀)နှင့်ထီး(၁)လက် ၊ မူလတန်းအဆင့် ကျောင်းသား/သူ (၂၁)ဦး တစ်ဦးလျှင် ကျောပိုးအိတ်(၁)လုံးတို့ကို ထောက်ပံ့ပေးအပ်ပြီး ဝန်ထမ်းသားသမီးများအတွက် ထောက်ပံ့ငွေကျပ်(၃၉၅၀၀၀) ၊ ပစ္စည်းတန်ဖိုး ငွေကျပ်(၂၈၃၀၀၀) ၊ စုစုပေါင်း (၆၇၈၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်နိုင်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)