ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဒေသတွင်းငါး/ပုဇွန်များဖူလုံစွာရရှိရေး ရေလုပ်ငန်းရှင်များ၊ ဆားလုပ်ငန်းရှင်များနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဒေသတွင်းငါး/ပုဇွန်များဖူလုံစွာရရှိရေး ရေလုပ်ငန်းရှင်များ၊ ဆားလုပ်ငန်းရှင်များနှင့် တွေ့ဆုံ






MNP ၊ ဇွန်    ၆

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးသည် ကျောက်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဒေသတွင်းငါး/ပုဇွန်များဖူလုံစွာရရှိရေးနှင့် ပြည်ပဈေးကွက်များအထိ တင်ပို့ရောင်း ချနိုင်ရေးအတွက် ရေလုပ်ငန်းရှင်များ၊ ဆားလုပ်ငန်းရှင်များနှင့် ယနေ့ နံနက်ပိုင်းက ကျောက်ဖြူ မြို့အစိုးရအဖွဲ့ ဧည့်ရိပ်သာရှိ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။


အခမ်းအနားကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်ကပြောကြားရာတွင်  ကျောက်ဖြူမြို့နယ်တွင် ရေနက်ဆိပ်ကမ်းလုပ်ငန်းတည်ဆောက်ပြီးစီးပါက ပြည်တွင်း၊ပြည်ပခရီးသွား ဧည့်သည်များ၊ လုပ်ငန်းရှင်များ ရောက်ရှိလာမည်ဖြစ်သဖြင့် ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိလာမည်ဖြစ်ပြီး ဒေသမှာလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊   ကျောက်ဖြူမြို့နယ်တွင် လက်ရှိမွေးမြူနေသည့် ကယု၊ကမာလုပ်ငန်းနှင့် ဂဏန်းပျော့လုပ်ငန်းများမှာ အောင်မြင်ဖြစ်ထွန်းသဖြင့် အထူးဝမ်းမြောက်ပါကြောင်း၊ ဆက်လက်မွေးမြူလိုသူများကိုလည်း ငါးလုပ် ငန်းဦးစီးဌာနမှ နည်းပညာများဖြန့်ဝေပေးစေလိုကြောင်း၊ ပုဇွန်ကန်မွေးမြူသူများနှင့် ဆားလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် ပုဇွန်မွေးမြူခြင်းနှင့် ဆားထုတ်လုပ်ခြင်းကို ယခင်သမရိုးကျနည်းလမ်းအ တိုင်းမပြုလုပ်ပဲ သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်ပြီး နည်းပညာများရယူကာ ပြည်ပဈေးကွက်များ အထိတင်ပို့ရောင်းချနိုင်ရန် ကြိုးစားဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့သည်။ 


ယင်းနောက် ပြည်နယ်ဆားလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက မိမိတို့ဌာနအနေဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းငန်းရှင်များ၏ လိုအပ်ချက်များအား ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခေတ်မီနည်းပညာများအသုံးပြုပြီး ဆားထုတ်ရေးလုပ်ငန်းများ ထုတ်လုပ်သွားနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။


ထိုနောက် ရေလုပ်ငန်းရှင်များနှင့်  ဆားလုပ်ငန်းရှင်များမှ လိုအပ်သည့် နည်းပညာ၊ အခက်အခဲ၊ စက်ပစ္စည်းများ၊ အရင်းအနှီးများတင်ပြဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးက ဆွေးနွေး ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး  ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြ ရန် တိုက်တွန်းပြောကြားခဲ့သည်။ 


သတင်း၊ ဓာတ်ပုံ  - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)