ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့ ဆွမ်မီ‌ ကျောင်းတိုက်ဆရာတော်၏ အန္တိမဈာပနအခမ်းအနားကျင်းပနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့ ဆွမ်မီ‌ ကျောင်းတိုက်ဆရာတော်၏ အန္တိမဈာပနအခမ်းအနားကျင်းပနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကျင်းပ





MNP ၊ ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လွယ်အွန့်‌ ကျေးရွာအုပ်စု၊ ဆွမ်မီကျေးရွာ ဆွမ်မီ‌ကျောင်းတိုက်၏ အန္တိမဈာပနအခမ်းအနား ကျင်းပနိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၈)နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။


အစည်းအဝေးတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ဆွမ်မီကျောင်းတိုက်မှ ဆရာတော် ဥူးကောသလ္လ၏ အန္တိမဈာပနအခမ်းအနား ဆောင်ရွက်မည့်အစီအစဉ်များ၊ ဆရာတော်၊ သံဃာတော်နှင့် ဧည့်သည်တော်များအား ဧည့်ခံကျွေးမွေးမည့် အခြေအနေ များကိုလျှောက်ထားရာ တက်ရောက်လာသည့် ဆရာတော်၊ သံဃာတော်များက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် မြွက်ကြားသည်။ အဆိုပါ ဆရာတော် ဥူးကောလ္လ သက်တော် (၉၁)နှစ်၊ ဝါတော်(၄၁)ဝါသည် (၉၆)ပါးသော ရောဂါဖြင့် တောင်ကြီးမြို့၊ ထွန်းပုဂ္ဂလိက အထူးကုဆေးရုံတွင် တက်ရောက်ကုသ လျက်ရှိရာမှ ယမန်နေ့ည(၇)နာရီ ၂၉မိနစ်အချိန်တွင် ဘဝနတ်ထံပျံ လွန်တော်မှုသွားကြောင်းနှင့် ဆရာတော် ဥူးကောသလ္လကို ဇွန်လ(၂၆)ရက် မွန်းတည့် (၁၂)နာရီ အချိန်တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါအစည်းအဝေးသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး နှင့်အဖွဲ့ဝင်များ၊  တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆွမ်မီ‌ကျောင်းတိုက်မှ ဒါယိကာ/ဒါယိကာမများ၊ ဂေါပကအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)