ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် နေမှုများအား တာဝန်ရှိသူများ ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် နေမှုများအား တာဝန်ရှိသူများ ကြည့်ရှုအားပေး

 



MNP -  ဇွန်   ၂


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းများ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူလျက်ရှိကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးတင်ရွှေ(ပညာ)၊ ကျောက်ဆည်ခရိုင် ပညာရေးမှူး ဒေါက်တာဥမ္မာကြည်၊ မြို့နယ်ပညာရေးမှူး ဒေါ်မိမိအောင်နှင့်တာဝန်ရှိသူများက ပညာသင်ကြားနေမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။


ကျောင်းဆည်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင်မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး မှ ညွှန်ကြားရေးမှူးဦးတင်ရွှေက ဆရာ၊ ဆရာမအနေဖြင့် ကျောင်းစာများသင်ကြားရာတွင် သတ်မှတ်စာသင်ချိန် စည်းကမ်းချက်များနှင့်အညီ သင်ကြားရေးလုပ်ငန်းများအပြင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ၊ စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းတက်မှန်ရေး၊ ကျန်းမာစွာနေထိုင်ရေး၊ ကျောင်းကောင်စီသစ္စာအဓိဌာန်များဖြစ်သော မိမိကိုယ်ကိုယ်၊ မိမိကျောင်း၊ မိမိမိသားစု၊ မိမိပတ်ဝန်းကျင်၊ မိမိတိုင်းပြည်ကို ကောင်းအောင်ဆောင်ရွက်နိုင်မည့် ကျောင်းသား၊ ကျောင်းသူများဖြစ်အောင် ပညာကို ကြိုးစားသင်ယူသွားကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်တွင် မူလတန်းကျောင်း-ခွဲ(၁)၊ မူလတန်းကျောင်း(၁၂၉)၊ မူလတန်း လွန်ကျောင်း(၂၆)ကျောင်း၊ အလယ်တန်း(၈)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၂)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ (၉)ကျောင်း၊ အထက်တန် းကျောင်း(၁၁)ကျောင်း၊ ကိုယ်ပိုင် မူလတန်းကျောင်း (၁) ကျောင်းနှင့် အထက်တန်းကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်း(၁၁)ကျောင်း၊ မူလတန်းလွန်ကျောင်း(၆)ကျောင်းနှင့် အလယ်တန်း ကျောင်း(၁) ကျောင်းရှိကြောင်းနှင့် အစိုရပညာရေးကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၁၈၈၄၇) ဦး၊ ဘုန်းတော်ကြီးပညာရေးကျောင်းများမှ ကျောင်းသား/သူ (၁၅၉၈)ဦး၊ ကိုယ်ပိုင် ကျောင်းများမှ ကျောင်းသား/သူ (၅၅၅)ဦး စုစုပေါင်း (၂၁၀၀၀) ဦး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)