မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်၊ အဝေးပြေးယာဉ် ရပ်နားစခန်း၌ အဝေးပြေးယာဉ်များ ပြေးဆွဲမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်၊ အဝေးပြေးယာဉ် ရပ်နားစခန်း၌ အဝေးပြေးယာဉ်များ ပြေးဆွဲမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး




MNP - ဇွန်   ၁၁


မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် မော်လမြိုင်၊ အဝေးပြေးယာဉ် ရပ်နားစခန်း၌ အဝေးပြေးယာဉ်များ ပြေးဆွဲမှု အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက  သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်အတူ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ အဝေးပြေး ယာဉ်ရပ်နားစခန်းသို့ သွားရောက်၍ မော်တော်ယာဉ် လိုင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု အခြေအနေများ၊ သန့်ရှင်း သပ်ရပ်မှု ရှိစေရေးနှင့်အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးတို့အတွက် အလေးထား ဆောင်ရွက်မှု အခြေအနေများအပေါ် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် မြို့နယ် အသီးသီးတို့၏ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှု ကော်မတီများနှင့် တွေ့ဆုံခဲ့ပြီး မွန်ပြည်နယ်ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ စစ်ဆေးဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများ၊ မော်တော်ယဉ်များ ပြေးဆွဲနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ ပြည်နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက   ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ အခွန်ကောက်ခံရရှိမှု အခြေအနေများ၊ မြေယာအသုံးပြုမှု အခြေအနေများ၊ သက်ဆိုင်ရာ မော်တော်ယာဉ်လိုင်းများ အလိုက် ကြီးကြပ်ဆောင်ရွက်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။


ဆက်လက်၍ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးမှူးတို့က မော်တော်ယာဉ်ဂိတ်များ၌ လုံခြုံရေးအတွက် စီမံပြင်ဆင်ထားရန် လိုအပ်မှုများ၊ တန်ဆာပစ္စည်များ လက်ခံမှု/ထုတ်ပေးမှုများတွင် လုံခြုံရေးအသိ လုံခြုံရေး သတိဖြင့် ဆောင်ရွက်ရန် လိုအပ်မှုများ၊ ခရီးသွားပြည်သူ များအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ ကိုင်ဆောင်စီးနင်းရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်မှုများ၊ တရားမဝင် နယ်စပ်ဖြတ်ကျော် သွားလာမှုများ မရှိစေရေးအတွက် အလေးထား ဆောင်ရွက်ရန် လိုအပ်မှုများ၊ ကူးစက်ရောဂါများ ပြန့်နှံ့မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ရန် လိုအပ်မှုများအပေါ် ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြသည်။


ရှင်းလင်း တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီများအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မြို့နယ်များအလိုက် ပြေးဆွဲလျက်ရှိသည့် မော်တော်ယာဉ် လိုင်းများအနေဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်းများ ပျက်ကွက်ပါက စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်များ မောင်းနှင်သွားလာမှုနှင့် စပ်လျဉ်း၍ လုံခြုံမှုနှင့် စနစ်ကျနမှုရှိရန် လိုအပ်ကြောင်း၊ စည်းကမ်းတကျ မောင်းနှင် သွားလာမှု ရှိစေရေးနှင့် ထုတ်ပြန်ထား သည့် ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာ ဆောင်ရွက်ရန်နှင့် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ပြည်နယ် ကော်မတီအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြေယာအသုံးပြုမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ယာဉ်စီးနင်းစဉ် အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ အဝေးပြေး ကားဝင်းအတွင်း ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ အသည်းရောင် အသားဝါ ဘီပိုး စစ်ဆေးမှုများလည်း ကျန်းမာရေးဦးစီးဌာနမှ စစ်ဆေးပေး သွားမည်ဖြစ်ကြောင်း၊ မြို့တွင်း/နယ်ဝေး ပြေးဆွဲဆောင်ရွက်နေသည့် သက်ဆိုင်ရာ မော်တော်ယာဉ်များအား သက်ဆိုင်ရာ မြို့နယ် ကော်မတီမှ ထိန်းသိမ်းကြီးကြပ် ဆောင်ရွက်ရန် ဖြစ်ကြောင်းဖြင့် လမ်းညွှန်ပြောကြားခဲ့ပြီး မြို့နယ် ကြီးကြပ်မှုကော်မတီများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)