MNP ၊ ဇွန် ၂၉
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ၂၇-၆-၂၀၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီးရှိ အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမကြီး ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမကြီး မုခ်ဦးဆောင်အဝင် လှေကား ကြမ်းခင်းနှင့် ခန်းမဆောင်အဝင် လှေကားများ အစားထိုးလဲလှယ်ပြီးစီးမှု၊ ပြည်ထောင်စုခန်းမကြီး မျက်နှာကြက်များ အသစ်လဲလှယ်ပြီးစီးမှု၊ ဧည့်ခန်းဆောင်၊ အနော်ရထာဆောင်၊ ထမင်းစားဆောင်၊ ပုဂံဆောင်၊ ဆွေးနွေးပွဲခန်းမ (၁/၂/၃)၊ စာသင်ဆောင်၊ ကွန်ပျူတာဆောင်များ ပြုပြင်ပြီးစီးမှု၊ သန့်စင်ခန်းများ အသုံးပြုနိုင်ရေးအတွက် ပြင်ပရေရရှိရေး လုပ်ငန်း၊ ပိုက်လိုင်းများ သွယ်တန်းတပ်ဆင်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ချိန် လုပ်ငန်းပြီးစီးရေး၊ လက်ရာ သေသပ်ကောင်းမွန်ရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် (ရန်ကုန်-နေပြည်တော်) လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကာ မိုင် (၂၀၄/ဝ) နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအဝင်လမ်း လမ်းအူကြောင်း ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လမ်းအူကြောင်းကို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှ ဝင်ရောက်မည့် လမ်းကွေ့နေရာ၊ နေပြည်တော် မြို့ပတ်လမ်းမှ ဝင်ရောက်မည့် လမ်းကွေ့နေရာများ သတ်မှတ်ဒီဇိုင်း ပုံစံအတိုင်း ဆောင်ရွက်မှု ရှိ/မရှိ၊ လမ်းလယ်ကျွန်းများ သတ်မှတ်ချက်အတိုင်း ဆောင်ရွက်မှု ရှိ/မရှိနှင့် ဆောင်ရွက်ရန်ကျန်လုပ်ငန်းများကို သတ်မှတ်ချိန်ပြီးစီးရေး၊ စံချိန် စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment