ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း၏ အကြိမ်(၂၀)မြောက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနား တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း၏ အကြိမ်(၂၀)မြောက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနား တက်ရောက်အမှာစကားပြောကြား




MNP - ဇွန်   ၂၁


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဇွန် ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ဟင်္သာတမြို့ ပန်းဘဲတန်းရပ်ရှိ သူနာပြုသင်တန်းကျောင်း သင်တန်းခန်းမဆောင်တွင် ကျင်းပပြုလုပ်သော အကြိမ် ၂၀ မြောက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “ဤသင်တန်းကျောင်းကို နိုင်ငံတော်၏ ကျန်းမာရေးဆိုင်ရာ မူဝါဒနှင့်အညီ ဒေသခံပြည်သူတို့၏ ရင်သွေးငယ်များကို အသက်မွေးဝမ်းကြောင်းမူ အတတ်ပညာရပ်ဖြစ်သည့် သူနာပြုနှင့်သားဖွား အတတ်ပညာများ တတ်မြောက်စေ၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေခြင်း၊ ယနေ့တွင် မျိုးဆက်သစ် သူနာပြုသင်တန်းသား၊ သင်တန်းသူများကို သူနာပြုများ၏ အဆောင်အယောင်ဖြစ်သော ဂျူတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းပြီး သူနာပြု တာဝန်ဝတ္တရားများကို ယနေ့မှစ၍ တာဝန်ပေးလိုက်သည့်အတွက် ယနေ့လူငယ်၊ နောင်အနာဂတ်ဝယ် တိုင်းပြည်အင်အား ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့အသက်မွေးဝမ်းကျောင်း ပရပ်ကို အဆင့်မြင့် ပညာရပ်များ တတ်မြောက်နိုင်သည်အထိ ဆက်လက်ကြိုးပမ်းကြစေလိုကြောင်း” ပြောကြားခဲ့ပြီးနောက် သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေလွင်က ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းရခြင်းအကြောင်းကို ရှင်းလင်းတင်ပြကာ သင်တန်းသား မောင်မယ် (၇၅) ဦးတို့အား တာဝန်ရှိသူတို့က ဂျူတီကုတ်များ၊ ဦးဆောင်းများကို အပ်နှင်းချီးမြှင့်ပေးခဲ့ကြသည်။


ဆက်လက်၍ သူနာပြုကျောင်းအုပ်ကြီးနှင့် ဖလော့ရင့်နိုက်တင်ဂေးဆုရ ပန်းတနော် ပြည်သူ့ဆေးရုံကြီးမှ သူနာပြု စနိုင်နိုင်ထွန်းတို့ ဦးဆောင်၍ ဆီမီးထွန်းညှိခြင်းနှင့် သူနာပြုသစ္စာအဓိဌာန် ရွတ်ဆိုအဓိဌာန်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သင်တန်းတွင် ထူးချွန်ဆုရ သင်တန်းသား/သူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသား/သူများကိုယ်စား ပထမနှစ်သင်တန်းသား မောင်အောင်ကျော်သွင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ကိုဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)