ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကျိုင်းတုံမြို့ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကျိုင်းတုံမြို့ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံ



MNP ၊ ဇွန် ၁၃

ရှမ်းနယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ကျိုင်းတုံမြို့ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံပွဲကို ကျိုင်းတုံမြို့၊ စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်း၍  ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှ ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သည် တည်ငြိမ်အေးချမ်းလျက်ရှိသည်ကို တွေ့မြင်ရကြောင်း သို့ဖြစ်ရာ တိုင်းရင်းသားအဖွဲ့များ အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန်  အလေးအနက် တိုက်တွန်းပါကြောင်း ပြောကြားသည်။


ဆက်လက်၍  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ် တာဝန်ခံ ဒေါ်မင်းမင်းသာက တိုင်းရင်းသားတို့၏ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာများကိုလည်ကောင်း  တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်တာဝန်ခံ ဦးချစ်ဇော်လင်းက  တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ လည်ကောင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းမျာကို ရှင်းလင်း ပြောကြားကြသည်။


ထို့နောက် ကျိုင်းတုံမြို့နယ်ရှိ ဂုံရှမ်း၊ လိရှမ်း၊ တိုင်းနေ၊ တိုင်းလုံ၊ တိုင်းလွယ်၊ လားဟူ၊ အာခါ၊ “ဝ”၊ လီဆူ၊ ‌တအောင်း(ပလောင်)၊ ဗမာ၊ အဲန်း၊ အားခေ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ကိုယ်စားလှယ်များက တစ်ဦးခြင်း နှုတ်ခွန်းဆက်စကားပြောကြားပြီး လိုအပ်သည်များ အကြံပြု တင်ပြ ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။


နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီး ဦးအောင်ကြည်ဝင်းသည် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်တာဝန်ခံ  ဦးချစ်ဇော်လင်း၊ ကျိုင်းတုံ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျိုင်းတုံမြို့နယ် မြေစာရင်းဦးစီးမှူးတို့ လိုက်ပါလျက် ကျိုင်းတုံမြို့နယ်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်း လျှောက်ထားလာသည့် ကိစ္စများနှင့် စပ်လျဉ်း၍ သဘောထားမှတ်ချက် ပြန်ကြားနိုင်ရေးအတွက် လျှောက်ထား မြေနေရာကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


မောင်မောင်နိုင်(ကျိုင်းတုံ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)