MNP - ဇွန် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် တောင်သူများအား ယူရီးယားမြေဩဇာများ ဈေးနှုန်းသက်သာစွာ အချိန်မီဝယ်ယူဖြန့်ဖြူး ရောင်းချနိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ယူရီးယားမြေဩဇာဝယ်ယူ ဖြန့်ဖြူးမှုလုပ်ငန်းများ အကောင်အထည်ဖော်ရေး ကော်မတီအား တိုင်း၊ ခရိုင်၊ မြိုနယ်များအလိုက် စနစ်တကျ ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ယူရီးယားမြေဩဇာများကို တောင်သူများ လက်ဝယ်အရောက် စနစ်တကျခွဲဝေ ဖြန့်ဖြူးရောင်းချနိုင်ရေးကို ဆောင်ရွက်စေလိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးမှုလုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သတင်း - ထွန်းထွန်းဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment