စဉ့်ကူးမြို့နယ်တွင် ၂ဝ၂၂-၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် ၂ဝ၂၂-၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ








MNP ၊ ဇွန် ၅

၂ဝ၂၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂ဝ၂၂-၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၇)နာရီခွဲအချိန်က စဉ့်ကူးမြို့အထက်တန်းကျောင်းဝင်း အတွင်း ကျင်းပခဲ့သည်။ 


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် နယ်မြေခံတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး မျိုးသန့်ဇင်၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟန်လင်းအောင် တို့က သစ်ပင်စိုက်ပျိုးပေးကြမည့် တက်ရောက်လာကြသူများထံသို့ ကျွန်းပင် (၁၀၀)ပင်၊ ပိတောက်ပင်(၈၀)ပင်၊ ပျဉ်းကတိုး(၈၀)ပင် စသည့် သစ်ပင်ပျိုးပင်စုစုပေါင်း (၂၆၀)ပင် တို့အား ပေးအပ်ခဲ့ရာ တက်ရောက်လာကြသူများက တပျော်တပါး စိုက်ပျိုးပေးခဲ့ကြသည်။ 


၂ဝ၂၂-၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ကျင်းပခြင်းပြီး အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ နယ်မြေခံတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး မျိုးသန့်ဇင်၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)