မြန်မာ(ကော့သောင်း)ထိုင်း(ရနောင်း)နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ(ကော့သောင်း)ထိုင်း(ရနောင်း)နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်






MNP - ဇွန်   ၆


ကမ္ဘာတစ်ဝှမ်း ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုဖြစ်ပွားခဲ့သည့်အချိန်မှစတင်ကာ ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေး မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံအစိုးရတာဝန်ရှိသူများမှ နှစ်နိုင်ငံကူးသန်းသွားလာလျက်ရှိသည့် နယ်စပ်ဂိတ်များအား ပိတ်ထားခဲ့ရာမှ ယနေ့ဇွန်လ ၆ရက်နေ့မှ စတင်ကာ မြန်မာ-ထိုင်းနှစ်နိုင်ငံပြည်သူများ အပြန်အလှန်ကူးသန်းသွားလာနိုင်ရန် မြန်မာ-ထိုင်းနှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။


နယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ်ရာတွင် နှစ်နိုင်ငံကူးသန်းသွားလာကြမည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ထားသည့် ကိုဗစ်၁၉ရောဂါထိန်းချုပ် ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကူးသန်းသွားလာရမည်ဖြစ်ကြောင်း၊ နယ်စပ်ဂိတ်မှတဆင့်ကူးသန်းသွားလာမှုတွင် ထိုင်းနိုင်ငံကူးလက်မှတ်( Pass Port) ကိုင်ဆောင်ထားသူများနှင့် တတိယနိုင်ငံ သားများအား ကူးသန်းသွားလာခွင့်မပြုသေးကြောင်း သိရသည်။


ထိုင်းနိုင်ငံရနောင်းမြို့သို့ ကူးသန်းသွားလာရာတွင် မြို့ခံပြည်သူများကူးသန်းရန် သတ်မှတ်ထားသည့် နယ်စပ်ဖြတ်သန်းခွင့်လက် မှတ် BP(Border Pass)နှင့် ဧည့်သည်များကူးသန်းရန် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် TBP (Temporary Border Pass) နှစ်မျိုးလုံးဖြင့် ကူးသန်း သွားလာခွင့်ပြုမည်ဖြစ်ပြီး ကော့သောင်းမြို့သို့ လာရောက်လည်ပတ်မည့် ထိုင်းနိုင်ငံသားများ အပါအဝင် ထိုင်းနိုင်ငံ(ရနောင်းမြို့)မှ ပြန်လည်ဝင်ရောက်လာသူမြန်မာနိုင်ငံသားများအား ကျန်းမာရေးဝန်ကြီးဌာန၏ (၁.၅.၂၀၂၂)ရက်စွဲပါ ကျန်းမာရေးညွှန်ကြားချက်ဖြစ်သည့် အသွားအလာကန့်သတ်မှုနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်မည့်အစီအစဉ်အ တိုင်းဆောင် ရွက်မှုကိုခံယူကြရမည်ဖြစ်ကြောင်းလည်း သိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)