ကျွန်းလှမြို့နယ်၌ မိုးရာသီ သီးနှံမျိုးစုံ ဧက တစ်သိန်းကျော် လျာထားစိုက်ပျိုးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၌ မိုးရာသီ သီးနှံမျိုးစုံ ဧက တစ်သိန်းကျော် လျာထားစိုက်ပျိုးမည်



MNP -ဇွန်   ၁၈


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း ယခုနှစ် မိုးရာသီတွင် သီးနှံမျိုးစုံ ဧကတစ်သိန်းကျော် လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ဒေသခံတောင်သူများက မိုးသီးနှံများ အချိန်မီစိုက်ပျိုးရန်အတွက် မိုးရေနှင့် ချောင်း၊ မြောင်း၊ မြေအောက်ရေတင်ပြီး ပျိုးထောင်ခြင်း၊ ထွန်ယက်ခြင်း၊ လယ်ယာမြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။


၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ မိုးရာသီ သီးနှံမျိုးစုံဖြစ်သည့် မိုးစပါး ၂၉၄၉၂ ဧက၊ ပဲမျိုးစုံ ၁၇၂၉၅ ဧက၊ ဆီထွက်သီးနှံ ၇၂၁၃ ဧက၊ ကြံ ၇၄ ဧက၊ ဝါ ၁၃ ဧက၊ အခြားသီးနှံ ၅၃၀၂၆ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက၊ စုစုပေါင်း ၁၀၃၄၀၁ ဧက စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။


အဆိုပါ မိုးစပါးနှင့် အခြားသီးနှံများ အောင်မြင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများက မျိုးကောင်း၊ မျိုးသန့်များနှင့် သွင်းအားစုပစ္စည်းများ ထောက်ပံ့ခြင်း၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး၊ မလိုအပ်ဘဲ ပိုးသတ်ဆေး မသုံးစွဲရေး၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲရေး၊ GAP အသိအမှတ်ပြု လက်မှတ် ရရှိရေးနှင့် စိုက်ပျိုးရေးနည်းစနစ်များ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။


ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး စပါးနှင့် အခြားသီးနှံများ၊ နှစ်ရှည်ပင်များ စိုက်ပျိုးခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေကြကြောင်း သိရသည်။


သတင်း - မျိုးဝင်းညို 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)