သဲကုန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကျင်းပ





MNP - ဇွန်  ၂၅


 ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊သဲကုန်းမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ ၌ယနေ့နံနက်ပိုင်းက ၂၀၂၂ခုနှစ်၊အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။


  အခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေး က အခမ်းအနားပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့်အဖွင့်အမှာစကားပြောကြားပြီး၊သဲကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး ဇင်ဟိန်းထွဋ်က မူးယစ်ဆေးဝါးအန္တရာယ်နှင့်တားဆီးကာကွယ်ရေးကိစ္စရပ်များကိုအကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

             

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ဖိတ်ကြားထားသောလူငယ်များက ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံများ၊ စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။



သတင်း - ဝင့်နန္ဒာဌေး 


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)