နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအားကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအားကြည့်ရှုအားပေး

 




MNP - ဇွန်   ၂


ပြည်ထောင်စုနယ်၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် အေးချမ်းစွာတက်ရောက် ပညာသင်ကြားလျက်ရှိသည့် အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်‌ထိုးနှံပေးလျက်ရှိရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်ကြည့်ရှု အားပေးခဲ့သည်။


မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုယ်အလယ်တန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ တက်ရောက် ပညာသင်ကြားလျက်ရှိသည့် အခြေခံပညာအဆင့်အသက်(၅)နှစ်မှ အသက်(၁၂)အထိ ကျောင်းသား၊ကျောင်းသူများအား အတူနေမိသားစုနှင့်  ပတ်ဝန်းကျင်ကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm များကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံပေးလျက်ရှိသည်။    


ဥတ္တရသီရိမြို့နယ်တွင် အခြေခံပညာကျောင်း (၄၈)ကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်း(၁)၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်း စုစုပေါင်း(၅၁)ကျောင်းရှိရာ ယနေ့နံနက်တွင် ကျောင်သား၊ကျောင်းသူ (၁၄၀၇၂)ဦး အေးချမ်းစွာတက်ရောက် ပညာသင်ကြားလျက်ရှိပြီး ကျောင်းတက်ရောက်မှု ရာခိုင်နှုန်း (၉၁)%ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


သတင်း - ကျော်စွာဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)