မာန်အောင်မြို့နယ်ရှိအခြေခံပညာကျောင်းများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်ရှိအခြေခံပညာကျောင်းများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိ







MNP ၊ ဇွန် ၂

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်   ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများကိုယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများဖြစ်သည့်အထက(၇)ကျောင်း၊ အထက-ခွဲ(၆)ကျောင်း၊ အလက (၇)ကျောင်း၊ အလက-ခွဲ(၄)ကျောင်း၊ မူလွန်ကျောင်း(၁၅)ကျောင်း၊ အမက(၇၈)ကျောင်း၊ အမက-ခွဲ(၁)ကျောင်း၊ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း စုစုပေါင်း (၁၁၉)ကျောင်းရှိပြီး အဆိုပါကျောင်းများတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/ကျောင်းသူ ၆၁၀၀ဦး ကျောင်းအပ်နှံလက်ခံ၍ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းနှင့်  ကျောင်းသား/ကျောင်းသူများအေးချမ်းစွာပညာသင်ကြားနိုင်ရန်အတွက် ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများက ကူညီဆောင်ရွက်ပေးနေကြကြောင်းသိရပြီး ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို လည်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြာင်း သိရသည်။


သတင်း - သိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)