မြိတ်ဒေသ၌ ထိုင်းနိုင်ငံနှင့်နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဘတ်/ကျပ် ဘဏ်စနစ်အသုံးပြုနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ကြိုတင်ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်ဒေသ၌ ထိုင်းနိုင်ငံနှင့်နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဘတ်/ကျပ် ဘဏ်စနစ်အသုံးပြုနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ကြိုတင်ညှိနှိုင်းအစည်းအဝေး ကျင်းပ

 


MNP - ဇွန်   ၃၀


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသ၌ ထိုင်းနိုင်ငံနှင့်နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘတ်/ကျပ် ဘဏ်စနစ်အသုံးပြုနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်(၂)နာရီက ကျင်းပခဲ့သည်။


အစည်းအဝေးကို မြိတ်ဒေသတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသောကုမ္ပဏီများမှ ဘဏ်စနစ်ဘတ်ငွေဖြင့်တိုက်ရိုက်အသုံးပြုပေးချေရေး၊ ဘဏ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ အဆင် ပြေချောမွေ့စွာညှိနှိုင်း ပေါင်းစပ်နိုင်ရန်၊ ကုမ္ပဏီများနှင့်ဘဏ်များ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


အစည်းအဝေးတွင် မြိတ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာမြင့်က အစည်းအဝေးကျင်းပရသည့် ရည်ရွယ်ချက်နှင့် ဘဏ်စနစ်အ‌ကောင်အထည်ဖော် ဆောင်ရွက် မည့်စီမံချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်  ဘဏ်စနစ်လုပ်ငန်းများနှင့် ပတ်သက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ၊ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ ကုမ္ပဏီလုပ်ငန်းရှင်များ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


သတင်း - ခိုင်ထူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)