ရမ်းဗြဲမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပ






MNP ၊ ဇွန်  ၂၉

ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ရာသီဥတုအပူဒဏ်မှကာ ကွယ်နိုင်ရန်အတွက် ရမ်းဗြဲမြို့နယ်၊  သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂   ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက် ၇  နာရီ ၃၀ မိနစ်အချိန်က ရမ်းဗြဲမြို့၊အမှတ်(၃)ရပ်ကွက်ရှိအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ခြံဝင်းအတွင်း စိုက်ပျိုးကြကြောင်းသိရသည်။

ထိုသို့ စိုက်ပျိုးရာတွင် တက်ရောက်လာကြသူများစိုက်ပျိုးနိုင်အတွက် ရမ်းဗြဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့   ဥက္ကဋ္ဌ မှ  မြို့နယ်ပညာရေးမှူးသို့  ပျိုးပင်များပေးအပ်ပေးခြင်း၊   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အမှတ်(၁) အထက-ကျောင်းအုပ်ကြီးနှင့် အမှတ်(၄) ရပ်ကွက်အုပ်ချုပ်‌ရေးမှူးသို့၎င်းပျိုးပင်များပေးအပ်ကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးဦးဆောင်၍ ဆရာ/ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများမှ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။

အဆိုပါသစ်ပင်စိုက်ပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်များစီစဉ်ပေးကာ ကျွန်း 

(၃၀)ပင်၊ မန်ဂျာရှား(၃၀၀)ပင်၊ ပိတောက်(၁၀၀)ပင်၊ ပျဉ်းကတိုး (၅၀) ပင်၊ မဟော်ဂနီ (၅၀)ပင်နှင့် စိန်ပန်း (၅၀)ပင် စုစုပေါင်း ပျိုးပင်(၆၀၀)ကို တက်ရောက်လာသူများမှ တစ်အုပ်တစ်မ စိုက်ပျိုးပေးခဲ့ကြကြောင်းသိရသည်။


သတင်း - အောင်နိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)