သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း (၂/၂၀၂၂)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း (၂/၂၀၂၂)ဖွင့်လှစ်

 



MNP - ဇွန်   ၁၈


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ (Basic on Job Skil Training) ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း (၂/၂၀၂၂) ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျိုက္ခမီမြို့ မြို့လယ်ဓမ္မာရုံး၌ ကျင်းပပြုလုပ်သည်။


ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်သန်းက အဖွင့်အမှာစကား ပြောကြား ပြီး ဆက်လက်၍ သင်တန်းပို့ချရာ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ဦးသက်နိုင်ဝင်း၊ ကျိုကွမီမြို့ မရဲစခန်းမှ ရဲအုပ်သက်ဝေ၊ မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးရှိုင်းထက်အောင်၊ ကျိုက္ခမီမြို့ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန့်ဇင်တို့က သင်တန်းပို့ချခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်သန်း၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာ ပြည်နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ ကျိုက္ခမီမြို့ ငါးလုပ်ငန်းရှင်အသင်း အဖွဲ့ဝင်ဦး ကျော်မင်းဝင်းနှင့် ပင်လယ် ငါးဖမ်းရေလုပ်သား သင်တန်းသား(၃၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးသီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)