မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်




 မောင်တော  ၊  ဇွန်    ၁၉

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရှိ ဝန်ထမ်း သားသမီး များအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်း ပ ပြု လုပ်ခဲ့ကြသည်။  

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး မှ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း ၊ သားသမီးများအတွက်  တက္ကသိုလ်အဆင့် ကျောင်းသား/ သူ  ၈ ဦး အတွက် တစ်ဦးလျှင် (၅၀၀၀၀)ကျပ် ၊ အထက်တန်းအဆင့်  ကျောင်းသား/သူ  ၅ ဦး  အတွက် တစ်ဦး လျှင် (၃၀၀၀၀)ကျပ် ၊အလယ်တန်းအဆင့် ကျောင်းသား/သူ  ၇ ဦးအတွက် ၁ ဦးလျှင် (၂၅၀၀၀)ကျပ် ၊ မူလတန်းအဆင့် ကျောင်း သား/သူ  ၁၂ ဦး အတွက် တစ်ဦးလျှင် (၂၀၀၀၀)နှုန်း နှင့် အဖြူအစိမ်းကျောင်းဝတ်စုံ တစ်စုံ စီဖြင့် ကျောင်း ဝတ်စုံ (၁၂) စုံအတွက် ငွေကျပ် ၉ သောင်းကျပ် ၊ အလယ်တန်း နှင့် မူလတန်းကျောင်းသားသူများအတွက် ထောက်ပံ့သည့် ကျောင်းသုံး ဗလာစာအုပ် တန်ဖိုး (၅၂၀၀၀)ကျပ် စုစုပေါင်း ကျောင်းသား/သူ (၃၂)ဦးအတွက် ငွေ( တစ်ဆယ်တစ်သိန်း ၇ ထောင် ကျပ်တိတိ/-)ကို  ခရိုင်အုပ်ချုပ်ရေးမှူးဦးနေဦး ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုင်အေး  နှင့် တာဝန်ရှိသူများက  ဝန်ထမ်း သားသမီးများအား အသီးသီး ထောက်ပံ့ ပေးအပ် ခဲ့ကြပြီး ဝန်ထမ်းမိဘ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ 

  

သတင်း - သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)