ဟိုပုံးမြို့နယ်၌ ဒေဒေါင်းထွန်စက်များပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပုံးမြို့နယ်၌ ဒေဒေါင်းထွန်စက်များပေးအပ်ပွဲ အခမ်းအနားကျင်းပ



MNP - ဇွန်   ၂၅


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၏ နိုင်ငံတော်မှ (၅၀)ရာခိုင်နှုန်းကျခံပြီး Smart Village ကျေးရွာများသို့ ဒေဒေါင်းထွန်စက်များ ‌ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီ အချိန်က ကျောင်းတန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းဇော်ဦးက အဖွင့်အမှာ စကားပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းက ဒေသခံ ပြည်သူများအနေဖြင့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲတိုး တက်ဆောင်ရွက်နိုင်ရေးနှင့်  အသင်းသားပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် နိုင်ငံတော်မှ သမဝါယမ ကဏ္ဍအနေဖြင့် (၅၀)ရာခိုင်နှုန်း ကျခံ၍ ဒေဒေါင်းစက်နှင့် စက်ပစ္စည်းများအား ပံ့ပိုးထောက်ပံ့ပေး ခြင်းဖြင့် တောင်သူများ၏ ရာသီချိန်အမှီအချိန်ကုန်သက်သာစွာဖြင့် ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်၍ နိုင်ငံတော်မှ ဒေဒေါင်းစက်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအား ထောက်ပံ့ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။ ထို့နောက် ‌ကျောက်တန်း(၁)စိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်း သမဝါယမအသင်းလိမီတက်ဥက္ကဋ္ဌ ဦးအောင်ခက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် အသင်းသားများမှ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။


ဆက်လက်၍ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းဇော်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းတို့က  DS4510 စက်နှင့် DS 3510 စက် စုစုပေါင်းတန်ဖိုးငွေကျပ်(၁၇၀၂၃၄၃၅) တို့ကိုပေးအပ်ရာ  အသင်းသားများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။ ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် မုန့်ထုတ်လုပ်မှု နည်းပညာသင်တန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


သတင်း - နေမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)