ဖြူးမြို့နယ်တွင် ကျောင်းသားဦးရေများလာသည်နှင့်အမျှ လိုအပ်သည့် ကျောင်းဆောင်သစ် ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ်တွင် ကျောင်းသားဦးရေများလာသည်နှင့်အမျှ လိုအပ်သည့် ကျောင်းဆောင်သစ် ဖွင့်လှစ်



MNP - ဇွန်   ၃


၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်အမှီ ကျောင်းသားဦးရေများလာသည်နှင့်အမျှ လိုအပ်သည့် ကျောင်းဆောင်သစ်ဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ခင်တန်းကြီးကျေးရွာအုပ်စု၊ ပိန္နဲတောကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်အား ယမန်နေ့နံနက် (၁၁)နာရီ က တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ပိန္နဲတောကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်အား ပြည်ထောင်စုဘတ်ဂျက် ငွေလုံးငွေရင်းရန်ပုံငွေ (၅၄.ဝ)သန်းဖြင့် ဆောင်ရွက်သော (၉၀)ပေ၊ (၃၀)ပေ Steei Structure (၁)ထပ် အဆောက်အဦကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောမင်းသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (၁) ဗိုလ်မှူးလှမျိုးသိန်းနှင့် အတွင်းရေးမှူး ရဲမှူးထိုက်လင်း၊ အဖွဲ့ဝင် ဦးမြင့်သိန်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်မီချိုမေမောင်၊ ပိန္နဲတောကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်သိန်း တို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းခန်းများ အတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


သတင်း - နေမျိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)