MNP - ဇွန် ၂၂
တောင်ငူတက္ကသိုလ် စတင်တည်ထောင်ခြင်း (၂၂) နှစ်ပြည့် အထိမ်းအမှတ် ပညာရပ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်တွင် တောင်ငူတက္ကသိုလ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်က တောင်ငူတက္ကသိုလ်အား (၂၂-၆-၂၀၀၀)ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါ တက္ကသိုလ်၏သက်တမ်းမှာ (၂၂)နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ (၂၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်များကို ကျင်းပခဲ့ပြီးဖြစ်ပါကြောင်းနှင့် တက်ရောက်လာသော ဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များအနေဖြင့် ယခုပညာရပ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲတွင် ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပါမောက္ခချုပ်က ပညာရပ်ဆိုင်ရာ စတင်ဆွေးနွေးခဲ့ပြီး ဒုတိယပါမောက္ခချုပ်များနှင့် ဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး) ဆရာကြီး၊ ဆရာမကြီးများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment