သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ပုလဲရတနာ ပရိယတ္ထိစာသင်တိုက်သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ပုလဲရတနာ ပရိယတ္ထိစာသင်တိုက်သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း






MNP - ဇွန်   ၂


သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ပုလဲရတနာပရိယတ္ထိ စာသင်တိုက်သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ၊ လူမှုရေး အသင်းအဖွဲ့ဝင်များက ပုလဲရတနာ ပရိယတ္ထိ စာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်နှင့် တာဝန်ရှိသူများက ဆွမ်းဆန်တော် ၈ အိတ်နှင့် အလှူငွေများကို ဆက်ကပ် လှူဒါန်းကြပြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက ပုလဲရတနာ ပရိယတ္ထိစာသင်တိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကရိယာများ၊  ပါးစပ်နှာခေါင်းစည်း၊ Hand Gel ပုလင်းများကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)