ဂွမြို့နယ်တွင် အသက်(၅)နှစ် နှင့် (၁၂)ကြား ကျောင်းသား/သူများအား(ပထမ)အကြိမ်အဖြစ် ကိုဗစ် -၁၉ ကာကွယ်ဆေးစတင်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် အသက်(၅)နှစ် နှင့် (၁၂)ကြား ကျောင်းသား/သူများအား(ပထမ)အကြိမ်အဖြစ် ကိုဗစ် -၁၉ ကာကွယ်ဆေးစတင်ထိုးနှံပေး








MNP ၊ ဇွန်   ၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ဂွမြို့၊ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်နှင့် (၁၂)ကြားရှိ ကျောင်းသား/သူများအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို  ယနေ့ နေ့လည်၁နာရီခွဲ အချိန်မှစ၍ အ.ထ.က(ဂွ)စုရပ်နေရာနှင့် ကျိန္တလီ အ.ထ.က စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ 

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ဂွမြို့နယ်၊မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာ

ကောင်းစံမြတ် ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ် အလိုက်ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာစာသင်ကျောင်းများမှ အသက် ၅ နှစ် မှ ၁၁ နှစ်ထိ ကျောင်းသား/သူ များအား ကျန်းမာရေး စစ်ဆေးခြင်း၊အပူချိန်တိုင်းတာ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ထိုးနှံပြီးသည့်ကျောင်းသား/သူများကို မိနစ် ၃၀ ခန့် အနားယူစေခဲ့ကြောင်းသိရသည်။

ဇွန်လ(၂)ရက်နေ့တွင် ဂွမြို့ အ.ထ.က စုရပ်၌ အ.ထ.က(ဂွ)နှင့် မူလွန်(ရွာမ) ကျောင်းများမှ  Grade-4/Grade-5/Grade-6 အတန်းများမှ ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ ကျိန္တလီ အ.ထ.က စုရပ်၌ အ.ထ.ကကျိန္တလီနှင့် ကျိန္တလီမူလွန် အမှတ်-၅ ကျောင်းများမှ Grade-4/Grade-5/Grade-6 ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ပြီး ဇွန်လ(၃)ရက်နေ့တွင် ဂွမြို့ အ.ထ.က စုရပ်၌ အ.လ.က(မြို့သစ်) ကျောင်းနှင့် အ.လ.ကခွဲ(ကင်းရုံး) ကျောင်းများမှ  Grade-4/Grade-5/Grade-6 အတန်းများမှ ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ ကျိန္တလီ အ.ထ.က စုရပ်၌ မူလွန်ငရံ့ကျော်နှင့် အ.မ.က ရာပြည့် ကျောင်းများမှ Grade-3 /Grade-4/Grade-5/Grade-6ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)