စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံတည်ငြိမ်အေးချမ်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံတည်ငြိမ်အေးချမ်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP - ဇွန်   ၁၅


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံတည်ငြိမ်အေးချမ်းရေး လုပ်ငန်းညှိနိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် အစိုးရ အဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ရန်နိုင်စိုး၊ တိုင်းဒေသကြီး တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဝင် ဌာနများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စစ်ဆေးဆဲအမှုများ တိကျမှန်ကန်စွာဖြင့် အမြန်ပြီးပြတ်အောင် စစ်ဆေးရေးဆိုင်ရာများကို မှာကြားလိုပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများ အနေနဲ့ တွေ့ကြုံရတဲ့အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြပြီး သက်ဆိုင်ရာဌာနများကလည်း ညှိနှိုင်းပေါင်းစပ်ဖြေရှင်းနိုင်ရေး ဝိုင်းဝန်း ဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် အမှုများစစ်ဆေးဆောင်ရွက်နေမှု အခြေအနေ များအား ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း လုံခြုံတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။


ယင်းနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ရန်နိုင်စိုးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လုံခြုံတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအားလည်းကောင်း၊ တိုင်းဒေသကြီး တရားရုံး စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်ဌာနများ က တိုင်းဒေသကြီးအတွင်း တရာရုံးစစ်ဆေးဆဲအမှုများ သက်မှာကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဌာနခွဲ (၁၊ ၂၊ ၃၊ ၄) ရှိ ညွှန်ကြားရေးမှူးများက မိမိတို့ဌာနခွဲများအလိုက် လုံခြုံ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း လုံခြုံ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ် စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)