နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတောင်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတောင်သူများနှင့်တွေ့ဆုံ

 


MNP - ဇွန်  ၂၄


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးရွာတောင်သူများနှင့်တွေ့ဆုံပွဲအားကျွန်းတက်ပဲ့ကျေးရွာ အုပ်စု၊ ညောင်ကုန်း ကျေးရွာ SMU ဘက်စုံသုံးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဉီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာတောင်သူများ တက်ရောက် ကြသည်။


တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဉီးက ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်အောင်ဖြိုးက မြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မာအေးက စိုက်ပျိုးရေးကဏ္ဍတိုးတက်မှုအ‌ခြေအနေများကို လည်းကောင်း အသီးသီးရှင်းလင်းပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့်  သက်ဆိုင်ရာကျေးရွာအုပ်စုများအလိုက် ကျေးရွာတောင်သူများက ကျေးရွာကုန်ထုတ်လမ်းပြုပြင်ဆောင်ရွက်ပေးရေး၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ဓာတ်မြေဩဇာများထောက်ပံ့ပေးရေး၊ မျိုးစပါးထောက်ပံ့ပေးရေး၊ ရေမြောင်းများ ပြုပြင်ပေးရေး၊ သွင်းအားစုများ ဖြည့်ဆည်းပေးနိုင်ရေး၊ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးရေးနှင့် စိုက်ပျိုး ရေရရှိရေးစသည့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင်  လူမူစီးပွားဘဝဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများက ကွင်းဆင်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြုရေးကိုအခြခံပြီး ဖွံဖြိုးတိုးတက်အောင် ညီညီညွတ်ညွတ် ဆောင်ရွက်စေလိုကြောင်း၊ သီးထပ်သီးညှပ်များ စိုက်ပျိုးပြီး မိသားစုဝင်ငွေများတိုးပွားရေး၊ အထွက်နှုန်းများတိုးပွားရေး၊ ဒေသတွင်းဖူလုံရေးနှင့် ထုတ်လုပ်ရောင်းချနိုင်သည်အထိ ကြိုးစားကြရမှာဖြစ်ကြောင်း၊ ကျေးရွာနေ ပြည်သူများအနေဖြင့် ကျန်းမာရေးအသိ၊ လုံခြုံရေး သတိရှိစေလိုကြောင်းပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က တက်ရောက်လာကြသည့် ကျေးရွာတောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ပြီး တောင်သူများ၏တင်ပြချက်များအနက် ဒက္ခိဏသီရိ မြို့နယ် ချိုင်းကျေးရွာအုပ်စု၊ ချိုင်းကျေးရွာကွင်းအမှတ်(၁၆၇၀)ကွင်းရှိ လယ်ဧက (၄၀၀၀)ဧက ခန့်အတွက် ကုန်ထုတ်ခြင်း ထွန်ယက်ခြင်းအတွက် ဆည်မြောင်းအမှတ်(DY2)မြောင်းလက်တံခွဲမှ အဝင်အထွက်လမ်းကူးအတွက်Box Culvertနှစ်ခု လိုအပ်ချက်အားကွင်းဆင်းကြည့်ရူခဲ့ကြောင်း သိရသည်။


သတင်း - ထွန်းထွန်းဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)