မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မြို့တော်ခန်းမ ပြင်ဆင်မည့်လုပ်ငန်းများနှင့် လွတ်လပ်ရေးကျောက်တိုင်ပန်းခြံ၊ ကြေးရုပ်ပန်းခြံ၊ အဖွဲ့ပိုင်ပျိုးဥယျာဉ်အား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မြို့တော်ခန်းမ ပြင်ဆင်မည့်လုပ်ငန်းများနှင့် လွတ်လပ်ရေးကျောက်တိုင်ပန်းခြံ၊ ကြေးရုပ်ပန်းခြံ၊ အဖွဲ့ပိုင်ပျိုးဥယျာဉ်အား ကြည့်ရှုစစ်ဆေး

              

              

            

MNP - ဇွန်   ၃


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူး ဦးထင်အောင်နှင့် တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံ၊ လွတ်လပ်ရေးကျောက်တိုင်ပန်းခြံများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ ပျိုးဥယျာဉ်အတွင်း အရိပ်ရပင်၊ ပန်းအလှပင်များ ပြုစုပျိုးထောင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ မြို့သန့်ရှင်း သပ်ရပ်သာယာလှပရေးကိစ္စရပ်များအား စီမံချက်များရေးဆွဲ၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။


ဆက်လက်၍ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အဖွဲ့သည် မကွေးမြို့ မြို့တော်ခန်းမသို့ ရောက်ရှိပြီး မြို့တော်ခန်းမ၌ ပြင်ဆင်မည့်လုပ်ငန်းများဖြစ်သည့် မုခ်ဦး၊ မျက်နှာကျက်၊ Corridor မျက်နှာကျက်၊ ခန်းမ
ဝင်ပေါက်တံခါး အသစ်တပ်ဆင်ခြင်းနှင့် ခန်းမအပြင်နံရံများ ဆေးသုတ်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာ စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူတို့က လိုက်လံရှင်းလင်းတင်ပြမှုအပေါ် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က stage management နှင့် ပတ်သက်၍ လိုအပ်တာများ လမ်းညွှန်မှာကြားခဲ့ပြီး ပြင်ဆင်မှု အခြေအနေများအား unit အလိုက် ပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် မြို့တော်ခန်းမ ပတ်လမ်းအား ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - မောင်ညီညာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)