MNP ၊ ဇွန် ၂၇
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အခြေခံကွန်ပျူတာသင်တန်းကို ယနေ့မွန်းလွဲ ၁နာရီမှစတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ဖွင့်လှစ်ရခြင်းမှာ သံတွဲမြို့နယ်ရှိ အခြေခံပညာတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသည့် ကျောင်းသား/သူများကွန်ပျူတာအခြေခံကိုတတ်မြောက်ပြီး လုပ်ငန်းခွင်ဝင်ရောက်ရာတွင် အဆင် ပြေစေရေး တို့အတွက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။
အဆိုပါသင်တန်းကို အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၃ ဦးအား တစ်ပတ်လျှင် ၅ ရက် နေ့လယ် ၁ နာရီမှ ညနေ၃နာရီအထိ ၁လခွဲ ကြာ ဖွင့်လှစ်၍ သင်တန်းဆရာ ကိုတေဇာအောင်က အခမဲ့သင်ကြား ပေးသွားမည်ဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment