မြို့သစ်မြို့နယ်မင်းရပ်ကွက်တွင် ဓမ္မစကူးလ်သင်တန်း တတိယပတ် ဆက်လက်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်မင်းရပ်ကွက်တွင် ဓမ္မစကူးလ်သင်တန်း တတိယပတ် ဆက်လက်သင်ကြား



MNP - ဇွန်  ၁၈


မကွေးခရိုင်၊ မြို့သစ်မြို့မင်းရပ်ကွက် အခြေခံဗုဒ္ဓတရားတော်များကို သိရှိပြီး ယဉ်ကျေးလိမ္မာလာစေရန်၊ မွန်မြတ်သော အခြေခံဗုဒ္ဓတရားတော်များကိုသိရှိပြီး တန်ဖိုးရှိသောလူငယ်များ ဖြစ်လာစေရန်နှင့် ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ဖွင့်လှစ်သင်ကြားမည့် ဘာသာရပ်တို့ကို လှိူင်နံ့သာဆရာတော်က ရှင်းလင်းပြောကြားခဲ့သည်။


မြို့သစ်မြို့မင်းရပ်ကွက်ရှိလူငယ်များ အခြေခံဗုဒ္ဓတရားတော်များကို သိရှိနိုင်စေရန်အတွက် ဆရာတော်များ ဦးဆောင်၍ ယဉ်ကျေးလိမ္မာသင်တန်း ဆရာ၊ဆရာများကကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေတို့တွင် ရတနာ သုံးပါး၊ ဗုဒ္ဓဝင်မင်္ဂလာတရားတော်များ၊ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ လိုက်နာကျင့်သုံးရမည့် လုပ်ငန်းစဉ်များ၊ လူမှုကျင့်ဝတ်များ၊ ဗုဒ္ဓဝါဒအဘိဓမ္မာ တရားတော်များ၊ အဆုံးအမတရားတော်များ၊ စသည့် အခြေခံဗုဒ္ဓတရားတော်များကို ဆရာတော်ကြီးများနှင့် ဝါသနာရှင်ဆရာ/ဆရာမများက ရသမျှအချိန်ကို အကျိုးရှိစွာသင်ကြားပေးသွားမည်ဖြစ်ကြောင်း လှိုင်နံသာမိုးကုတ်ဝိပ္ပသနာကျောင်းတိုက်ဆရာတော်ထံမှ သိရသည်။


သတင်း - ကိုဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)