မြေဆီလွှာဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် သစ်စိမ်းစိုက်ပျိုးရေးကွင်းဆင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေဆီလွှာဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် သစ်စိမ်းစိုက်ပျိုးရေးကွင်းဆင်း ဆောင်ရွက်



MNP - ဇွန်  ၂၁


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှမြေဆီလွှာဖွံ့ဖြိုး တိုးတက်ကောင်းမွန်စေရေးအတွက် မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီနှင့်စိုက်ပျိုးရေးဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ဧက (၃၅) ဧကစိုက်ခင်းများအား မေလမှစတင်ပြီး အကျိုးဆောင်တောင်သူများ၊ ဝန်ထမ်းများနှင့်အတူ စိုက်ပျိုးရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ ရွှေတွင်းကျေးရွာ၊ အထက်ညဉ့်ကျေးရွာ၊ နပ္ပလင်ကျေးရွာ၊ ပြွန်ကျေးရွာနှင့် ညောင်ပင်ကန်ကျေးရွာတို့တွင် ပိုက်ဆံလျှော်စိုက်ပျိုးရခြင်းကြောင့် မြေဆီလွှာဂုဏ်သတ္တိများ၊ရေရှည်ကောင်းမွန်စေ၍ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများကို လျော့နည်းစေရန်၊ ဓာတုမြေဩဇာအစား သစ်စိမ်းမြေဩဇာအစားထိုး စိုက်ပျိုးအသုံးပြုခြင်းဖြင့် လက်ရှိ တောင်သူများကြုံတွေ့နေရသောဓာတ်မြေဩဇာဈေးကြီးမြင့်မှုတို့ကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်စေရန်၊ မြေဆီလွှာအတွင်းရှိ အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး သစ်စိမ်းဓာတ်ကို တိုးတက်စေကာ မြေသားဖွဲ့စည်းမှုကောင်းမွန်စေ၍ လေထုထဲမှနိုက်ထရိုဂျင်ဓာတ်ကို ဖမ်းယူပေးသည့်အတွက် မြေဆီလွှာအတွင်းရှိ အပင်၏အာဟာရဓာတ်များ မြေအောက် သို့စိမ့်ဝင်ဆုံးရှုံးခြင်းမှ ကာကွယ်ပေးခြင်းဖြင့် စိုက်ပျိုးမြေအတွက် မြေဩဇာအထောက်အပံ့များရရှိစေ၍ မြေဆီလွှာ၏ထုတ်လုပ်မှုစွမ်းအား တိုးတက်ကောင်းမွန်လာပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖော်ဆောင်နိုင်ရန် သစ်စိမ်းထည့်သွင်းခြင်းကြောင့် မြေ၏လက္ခဏာရပ်များဖြစ်သည့် လေထွက်ကောင်းမွန်ခြင်း၊ ရေစိမ့်ဆင်းမှုကောင်းမွန်ခြင်း၊ မွရွသောမြေသားဖွဲ့စည်းပုံရှိ၍ ထွန်ယက်စိုက်ပျိုးလွယ်ခြင်း၊ မြေတွင်းရှိ အနုဇီဝပိုးများ ကောင်းစွာရှင်သန်ပွားများနိုင်ခြင်းများ ဖြစ်ပေါ်စေခြင်းအားရည်ရွယ်ပြီး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ စိုက်ပျိုးထားရှိစေကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)