ဘူးသီးတောင်မြို့၌ အသက်(၅)နှစ် မှ (၁၅)နှစ်အတွင်းကျောင်းသား/သူများအားကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမ) အကြိမ်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌ အသက်(၅)နှစ် မှ (၁၅)နှစ်အတွင်းကျောင်းသား/သူများအားကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမ) အကြိမ်ထိုးနှံ






MNP ၊ ဇွန် ၃

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်( ၂) အခြေခံပညာအထက်တန်းကျောင်းတို့၌ အသက် ၅ နှစ်မှ၁၅ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး( ပထမ)အကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်ကစတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါကိုဗစ် -၁၉ကာကွယ်ဆေးထိုးနှံရာတွင်မိဘအုပ်ထိန်းသူများနှင့်ကျောင်း သား/ သူများအား တွေ့ဆုံကာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျန်အေးက ကျောင်းသား/သူများ၏ မိဘ(သို့မဟုတ်) အုပ်ထိမ်းသူများသဘောတူခွင့်ပြုချက်ရရှိမှသာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းတို့ကိုပြောကြားခဲပြီးမြို့နယ်ဆရာဝန်ကြီးဒေါက်တာစောမင်းသိန်းကကာကွယ် ဆေးထိုးနှံ့ခြင်းနှင့်ပတ်သတ်၍ ရှင်း လင်းပြောကြားသည်။

ထို့နောက်ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနေမှုကိုလိုက်လံကြည့်ရှူကြပြီးအားပေးစကားများပြောကြားကာ လိုအပ်သည်များမှာကြားခဲသည်။

ကာကွယ်ဆေးထိုးနှံနေမှုကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊မြို့နယ်ဆရာဝန်ကြီးဒေါက်တာစောမင်းသိန်း၊မြို့နယ်ပညာရေးမှူးဦးမောင်တင်အောင်နှင့်တာဝန်ရှိသူများလိုအပ်သည်များကိုကူညီဆောင်ရွက်ပေးပြီးမိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊အမျိုးသမီးရေး ရာအဖွဲ့ဝင်များ၊ မြို့နယ်ကျန်း မာရေးဝန်ထမ်းများနှင့်ဆရာ/ ဆရာမများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ  စာရင်းများမှတ်ယူခြင်း၊ကိုယ်အပူချိန်တိုင်းတာ ခြင်း၊သွေး ပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်း မာရေးစစ်ဆေးခြင်းများကိုဆောင် ရွက်ပေးကာ ပုံမှန် အခြေ အနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီးထိုးနှံပြီးသည့် သူများကိုမိနစ်(၃၀)ခန့် အနားယူစေကာကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ယမန့်နေ့ နံနက်( ၉)နာရီမှ ညနေ( ၄)နာရီထိကာကွယ်ဆေးထိုးနှံပြီးစီးသူ( ၃၇၇)ဦးရှိကြောင်းသိရသည်။

 

သတင်း - လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)