ချမ်းမြသာစည်မြို့နယ်၌ နိကာယ်စာမေးပွဲ (မဟာဝိဒူတန်း) စာမေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းမြသာစည်မြို့နယ်၌ နိကာယ်စာမေးပွဲ (မဟာဝိဒူတန်း) စာမေးပွဲ ကျင်းပ

 


MNP - ဇွန်   ၈


မန္တလေးတိုင်းဒေသကြီး၊  မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် နိကာယ်စာမေးပွဲ (ဝိဒူတန်း) (ပထမနေ့) ဖြေဆိုခြင်းကို ဒက္ခိဏရာမဘုရားကြီး တိုက်၊ ဦးပွားဘုရားဝင်းအတွင်းရှိ သာသနဝိပုလ္လသိမ်တော်တွင် ယမန်နေ့ မွန်းလွဲ (၁) နာရီမှ ညနေ (၅) နာရီအထိ ကျင်းပ‌ဖြေဆိုခဲ့ကြောင်းသိရသည်။


စာဖြေသံဃာများသည် ပါရာဇိကပါဠိဘာသာရပ်၊ သီလက္ခန္ဓဝဂ္ဂပါဠိဘာသာရပ် မူလပဏ္ဏာသပါဠိ ဘာသာရပ်၊ သဂါထာဝဂ္ဂ၊ နိဒါနဝဂ္ဂသံယုတ္တပါဠိဘာသာရပ်၊ ဧကကမှ စတုတ္ထနိပါတထိ ဘာသာရပ်၊ ဓမ္မသင်္ဂဏီပါဠိဘာသာစသည့် ဘာသာရပ်များကို ဖြေဆိုကြမည်ဖြစ်ရာ သံဃာတော် များ စာဖြေရာသို့ တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဥူးဝါသဝ၊ (ဒက္ခိဏ ရာမဘုရားကြီးတိုက်၊ ဇောတိကာရုံကျောင်း)၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဥူးအာစိဏ္ဏ (ဒက္ခိဏရာမ ဘုရားကြီးတိုက်၊ ပွဲစားကြီးကျောင်း) တို့နှင့်အတူ ကြီးကြပ်ဆရာတော်ကြီး ၂၅ ပါးတို့မှ စာမေးပွဲအား ကြီးကြပ်ပေးခဲ့ကြောင်းနှင့် စာမေးပွဲသို့ မြို့နယ်အတွင်းရှိ သံဃာ ၆၂ ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ (၅) ရက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရှိရသည်။


သတင်း - ခင်စိမ်းဝင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)