ပေါင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်






MNP ၊ ဇွန် ၃

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ မွန်ပြည်နယ် ပေါင်မြို့နယ် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာတက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။


ယခုပညာသင်နှစ်တွင် ပေါင်မြို့နယ်အတွင်းရှိ ကိုယ်ပိုင်ပညာရေးကျောင်း(၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်းနှင့် အခြေခံပညာကျောင်းများမှ စုစုပေါင်းကျောင်းသားကျောင်းသူဦးရေ လေးသောင်းကျော်တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ကျောင်းဖွင့်ချိန်တွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့်အဖွဲ့ဝင်များ၊ အခြေခံပညာဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာကျောင်းအလိုက် ကျောင်းကော်မတီများနှင့် ကျောင်းလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ ကျောင်းပတ်ဝန်းကျင် လုံခြုံရေးကို ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)