မိတ္ထီလာ၌ မြို့နယ်လုံးဆိုင်ရာ သုံးထပ်သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေး မြေသန့်မင်္ဂလာနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာ၌ မြို့နယ်လုံးဆိုင်ရာ သုံးထပ်သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေး မြေသန့်မင်္ဂလာနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ



MNP - ဇွန်   ၂၅


မိတ္ထီလာမြို့၌ မြို့နယ်လုံးဆိုင်ရာ သုံးထပ်သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် မြေသန့်မင်္ဂလာနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က ကျီတော်ကုန်းရပ်ကွက်၊ နယ်မြေ((၈) ရှိ အဆိုပါဗိမာန်တော်ကြီး တည်ဆောက်မည့် နေရာတွင် ကျင်းပကြောင်းသိရသည်။


ရှေးဦးစွာ နိုင်ငံတော်သံဃနာယကအဖွဲ့(ဒုတိယဥက္ကဋ္ဌ) သာသနဝေပုလ္လပါဠိတက္ကသိုလ်စာသင်တိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တကောဝိဒထံမှ ငါးပါးသီလကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ ၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များက ခံယူဆောက် တည်ကြသည်။ ဆက်လက်၍ ပင့်သံဃာတော် ၃၉ ပါးတို့မှ ရွတ်ပွားသရဇ္ဈယ်တော်မူသော အန္တရာယ်ကင်း  ပရိတ်တရားတော်များကို တက်ရောက်လာကြသူများက နာယူကြီးပြီးပင့်သံဃာတော်များထံသို့ လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် မြို့နယ်လုံးဆိုင်ရာ သုံးထပ်သာသနာ့ဗိမာန်တော်ကြီးတည် ဆောက်ရခြင်းရည်ရွယ်ချက်များနှင့် သာသနာရေးဆိုင်ရာများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက လျောက်ထားတင်ပြသည်။ အဆိုပါသုံးထပ်သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေး ကြီးကြပ်မှုကော်မတီတွင်ပါဝင်သည့် ဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်တာဝန်ရှိသူများထံသို့ အလှူငွေများကို အလှူရှင်များက  ပေးအပ်လှူဒါန်းသည်။ အလှူငွေပေးအပ်ပွဲတွင် အလှူရှင်များ၏ စုစုပေါင်းလှူဒါန်းငွေမှာ ကျပ်သိန်းရှစ်ရာ့ငါးဆယ်တစ်သောင်းငါးထောင်ကျပ်ဖြစ်သည်။ ၎င်းနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ အသောကာရုံရေလည်ကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကထံမှ ရေစက်အနုမောဒနာတရားတော်ကို တာဝန်ရှိသူများနှင့် အလှူရှင်များက နာယူကြသည်။  အဆိုပါ သုံးထပ်သာသနာ့ဗိမာန်တော်ကြီးအား အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်နှင့် အစိုးရနိကာယ်ငါးရပ် စာမေးပွဲများကျင်းပနိုင်ရေးစသည် သာသနာရေးဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်များဖြင့် တည်ဆောက်ခြင်း ဖြစ်ကြောင်းသိရသည်။


သတင်း - ချမ်းသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)