တနင်္သာရီမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း ကျောင်းသူ/သားပေါင်း(၅၈၈၆)ဦးအထိ ကျောင်းအပ်နှံပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း ကျောင်းသူ/သားပေါင်း(၅၈၈၆)ဦးအထိ ကျောင်းအပ်နှံပြီးဖြစ်

 


MNP - ဇွန်   ၁


တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင်းရှိ မြို့ပေါ်၊ ရပ်ကွက်၊ ကျေးရွာပါမကျန် အခြေခံပညာကျောင်းများအလိုက် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်အထိကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်၍ (Kg)အတန်းမှ ဧကဒသမတန်းအထိ ကျောင်းသား/သူများကို နေ့စဉ်(အခမဲ့)ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဇွန်လ ၁ ရက်နေ့တွင် သတ္တမနေ့အဖြစ် မူလတန်းအဆင့်တွင်(၇၅၂)ဦး၊ အလယ်တန်းအဆင့်တွင်(၂၈၃)ဦးနှင့် အထက်တန်းအဆင့်တွင်(၂၉)ဦး ပေါင်း(၁၀၆၄)ဦးအား သက်ဆိုင်ရာအခြေခံပညာကျောင်း(၄၄)ကျောင်းတွင် ကျောင်းအပ်နှံမှုအား ထပ်မံလက်ခံပေးလျက်ရှိကြောင်း သိရှိရသည်။


သို့ပါ၍ တနင်္သာရီမြို့နယ်မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အထက်တန်းကျောင်း(၂)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၃)ကျောင်း၊ အလယ်တန်း(၄)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၃)ကျောင်း၊ မူလွန်(၈)ကျောင်း၊ မူလတန်း(၂၁)ကျောင်း၊ မူလတန်းကျောင်း(ခွဲ) (၁)ကျောင်းနှင့် ဘ/က(၁)ကျောင်း စုစုပေါင်း(၄၄)ကျောင်းတွင် မေလ(၂၆)ရက်မှ ဇွန်လ(၁)ရက် နေ့ညနေပိုင်းအထိ မူလတန်းအဆင့် ကျောင်းသူ/သားပေါင်း(၄၁၄၄)ဦး၊ အလယ်တန်းအဆင့် (၁၃၈၂)ဦးနှင့် အထက်တန်းအဆင့်(၃၆၀)ဦး၊ စုစုပေါင်း ကျောင်းသူ/သား (၅၈၈၆)ဦးတို့အား ကျောင်းအပ်နှံပြီးဖြစ်ကြောင်း သိရှိရသည်။


ယင်းသို့ ကျောင်းအပ်နှံမှုအား လက်ခံဆောင်ရွက်ရာတွင် မည်သည့်အခကြေးငွေမျှကောက်ခံခြင်း/ လက်ခံခြင်းမပြုဘဲ၊ လာရောက်အပ်နှံသည့် ကျောင်းသား/သူတိုင်းအား ဗလာစာအုပ်(၁) ဒါဇင်၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ခဲတံနှင့်မှင်တံ(၂)ချောင်းစီတို့ကို (အခမဲ့)ထောက်ပံ့ပေးပြီး ကျောင်းဝတ်စုံများကိုမူ ယခုပညာသင်နှစ်အတွင်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - နန်းသာရီ-ထိန်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)