လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ

      

MNP - ဇွန်   ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၉၇) စက်မှုလယ်ယာစခန်းမှ မိုးစပါးကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြခြင်းကို ကြာကန်အုပ်စုကွင်း သဲကုန်းအနောက် ဦးပိုင်အမှတ် (၁/၃)၊ အမှတ် (၆၉၅) ဦးမြင့်စိုး လယ်မြေဧက (၃၀.၀၀)၌  ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း အကျိုးကျေးဇူများအနေနှင့် စက်ဖြင့်စိုက်ပျိုးထားသော စပါးခင်းအား စပါးရိတ်စက် ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူရိတ်သိမ်း နိုင်ပါသည်။ ပျိုးပန်းဖြင့်ပျိုးထောင်ခြင်း၊ ကောက်စိုက်သမန်ပြုပြင်ခြင်း၊ တစ်ရက် ၈ နာရီ ပြီးစီးမှုနှုန်းဖြင့် (၄) ဧကမှ (၆) ဧကထိ စိုက်ပျိုးနိုင်ပြီး စိုက်တန်းအရေအတွက် ၆ တန်းသွား အကွာအဝေး (၁၂) လက်မ၊ ပင်ကြားအကွာအဝေး (၅. ၅) လက်မ စိုက်ပျိုးနိုင်ကြောင်းတို့အား ခရိုင် စက်မှုလယ်ယာဦးစီးမှူး ဦးမြင့်ဌေးရှင်းလင်း ပြောကြားခဲ့သည်။


ထို့နောက် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)