ညောင်တုန်းမြို့နယ်တွင် ဘောင်စနစ်ဖြင့် ဆင်းသုခ မျိုးစေ့ထုတ်၊ မျိုးစေ့ချစိုက်ပျိုးခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ်တွင် ဘောင်စနစ်ဖြင့် ဆင်းသုခ မျိုးစေ့ထုတ်၊ မျိုးစေ့ချစိုက်ပျိုးခြင်း အခမ်းအနားကျင်းပ

 


MNP - ဇွန်   ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဘောင်စနစ်ဖြင့် ဆင်းသုခ မျိုးစေ့ထုတ်၊ မျိုးစေ့ချစိုက်ပျိုးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က ကွင်းအမှတ်(၃၈၂)၊ ဦးပိုင်အမှတ်(၁၆၁/၂)ရှိ  တောင်သူ ဦးအောင်မင်းစိန်၏ လယ်မြေ(၉)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားသို့ မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဘောင်စနစ်ဖြင့် ဆင်းသုခ မျိုးစေ့ထုတ်၊ မျိုးစေ့ချ စိုက်ပျိုးခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)