ငပလီမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၁)နှစ် မှ (၁၂)အောက်ကျောင်းသား/သူများအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၁)နှစ် မှ (၁၂)အောက်ကျောင်းသား/သူများအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင် ထိုးနှံပေး






MNP ၊  ဇွန်   ၂

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ငပလီမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် ဇွန်လ ၂ ရက်နေ့ ကျောင်းဖွင့်ရက်တွင်စတင်တက်ရောက် ပညာသင်ကြားမည့် အသက် ၁၁ နှစ်မှ  ၁၂ နှစ် အောက်  ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါကျောင်းသား၊ ကျောင်းသူလေးများ အားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးစကားပြောကြားခဲ့သည်။  

ထို့နောက်  တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ကျောင်းသား/သူများ၏ မိဘ(သို့မဟုတ်) အုပ်ထိမ်းသူ များ၏ သဘောတူခွင့်ပြုချက်ရရှိမှသာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေး ဝန်ထမ်း များက လာရောက် ထိုးနှံသည့် အခြေခံပညာကျောင်းများရှိ  အသက်(၁၁)နှစ် မှ (၁၂)အောက်ရှိ ကျောင်းသား/သူ များ အား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေး ခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား  ဌာနဆိုင်ရာများ၊ ဆရာ/မ များ ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ် ရေး မှူး များ နှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေး လျှက်ရှိသည်။ 

ငပလီမြို့ အခြေခံပညာကျောင်းများရှိ ကာကွယ်ဆေးထိုးနှံပေးရမည့် အသက်(၁၁)နှစ် နှင့် (၁၂)အောက်ရှိ ကျောင်းသား ၄၈ဦး ၊ကျောင်းသူ ၁၆ ဦး စုစုပေါင်း ကျောင်းသား/သူ ၆၄ဦးရှိပြီး  ၂၀၂၂ ခုနှစ်  ဇွန်လ ၂ ရက်နေ့မှ  ၂၆ ရက် နေ့ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန် ချက်များ နှင့် အညီ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။  


သန်းနု (ငပလီ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)