MNP - ဇွန် ၁၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူလူထုများအနေနှင့် သဘဝဘေးအန္တရာယ်များ၊ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ၊ ဘေးအန္တရာယ် ဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ကမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် ကမာကေးကျေးရွာ မူကြိုကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြိုန့ယ်(ဘေး/စီမံ)ဌာနမှ ဦးစီးအရာရှိ ဒေါ်အင်ကြင်းချမ်းနှင့် ဝန်ထမ်းတို့က မုန်တိုင်းဘေး ငလျင်ဘေး၊ ရေဘေး စသည့် သဘာဝဘေးနှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများဖြစ်စေသည့် အကြောင်းအရင်းများမဖြစ်မီ ဆောင်ရွက်ရန်၊ ဖြစ်စဉ်ဆောင်ရွက်ရန်၊ ဖြစ်စဉ်ပြီးနောက် ဆောင်ရွက်ရန်အချက်များကို လည်းကောင်း၊ မုန်တိုင်းအခြေအနေကြေညာရာတွင် နားလည်ရန် လိုအပ်သည့် အရောင်နှင့် မုန်တိုင်းအဆင့်များ မုန်တိုင်းကျရောက်စဉ် လုပ်ဆောင်ရမည့် အကြုံပြုချက်များကို လည်းကောင်း၊ အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြခြင်းနှင့် သဘာဝဘေးနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အသိပညာပေး ကွင်းဆင်းဟောပြောခြင်းလုပ်ငန်းကို ချောင်းဆုံမြို့ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနသည် စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment